
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် အမှတ်(၂) အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းခန်းမ ၌ ယမန်နေ့ နံနက် ၉ နာရီက ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆု ပေးအပ်ပွဲ ကျင်းပရာ အခမ်းအနားသို့ ကလောမြို့နယ် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးမောင်မောင်လွန်း၊ ဌာနဆိုင်ရာများ၊ ကျောင်းဆောင်သစ် ဆောက်လုပ်သော ယွန်းပိုးသံစဉ် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာကြီး ဦးသိန်းဌေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုး တော်ဆောင် ကော်မတီဝင်များ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဌေးက ကျောင်းဆောင်သစ် ဆောက်လုပ်မှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ခြင်း အထိမ်းအမှတ် အလံများ ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့သည်။
ထို့နောက် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် အတန်းလိုက် ပညာရည်ချွန်ဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်သည်။ ယင်း ကျောင်းဆောင်သစ်မှာ ပညာရေး ရန်ပုံငွေကျပ် ၆၄၈ သိန်းဖြင့် ယွန်းပိုးသံစဉ် ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခဲ့သော (ပေ ၉ဝx ပေ ၃ဝ) ရှိ အုတ်ညှပ် နှစ်ထပ် အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။
မြဝတီ
0 comments:
Post a Comment