Friday, October 24, 2014

အိန္ဒိယနိုင်ငံတွင် Line သုံးစွဲသူ သန်း ၃၀ ခန့်ရှိလာ






အိန္ဒိယနိုင်ငံတွင် ၎င်းတို့၏ Messaging app ကို သုံးစွဲသူ သန်း ၃၀ ရှိလာပြီဖြစ်ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် Line ကုမ္ပဏီမှ ပြောကြားခဲ့သည်။ ထိုအရေအတွက်သည် ၂၀၁၃ ခုနှစ်တွင် Line သုံးစွဲသူ ၁၀ သန်းခန့် ရှိခဲ့ရာမှ တစ်ရှိန်ထိုး မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။


အိန္ဒိယနိုင်ငံတွင် Line app ကို၂၀၁၃ ခုနှစ် ဇွန်လတွင် ဈေးနှုန်း အလွန်မြင့်မားသော တီဗွီကြော်ငြာမှ တစ်ဆင့် လူအများ သိရှိအောင် စတင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယခုအခါတွင် ကမ္ဘာတစ်ဝန်း၌ Line သုံးစွဲသူ သန်း ၆၀၀ ခန့်ရှိပြီး လစဉ်သုံးစွဲသူ သန်း ၁၇၀ ခန့်ရှိလာပြီ ဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ သုံးစွဲသူ အရေအတွက်ကို ဒေသတွင်း မီဒီယာများသို့ ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဒါမန်ဒီဆင်းဆိုနီက ထုတ်ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

Line အနေဖြင့် ဒေသတွင်းရှိ ပြိုင်ဘက်များဖြစ်သော WhatsApp နှင့် Facebook Messenger များထက် သာလွန်စေရန် သုံးစွဲသူ အရေအတွက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် Line သည် အိန္ဒိယနိုင်ငံတွင်းရှိ သုံးစွဲသူများ ဈေးနှုန်းသက်သာပြီး အထူးနှုန်းဖြင့် သုံးစွဲခွင့်ရစေရန် Groupon နှင့် Jabong ကုမ္ပဏီတို့ဖြင့် ပူးပေါင်းခဲ့သည်။

သို့သော်လည်း Line သည် ကမ္ဘာအကြီးဆုံး လူမှုရေးမီဒီယာ ဈေးကွက်ကို ပိုင်ဆိုင်ထားသည့် Facebook ၏ WhatsApp နောက်တွင်သာ ရပ်တည်လျက်ရှိနေသေးသည်။

Ref: TechinAsia

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...