ဇာတ်ကားတွေ ကမ်းလှမ်းလာပေမယ့် ငြင်းလိုက်ကြောင်း ထားထက်ထက်က ပြောသည်။
”အဓိကက ကိုယ့်ဝမ်းစာ မပြည့်သေး လို့ စမရိုက်ချင်သေးတာပါ။ အခု မစိုးမြတ် သူဇာတို့နဲ့ တစ်ကား ရိုက်ထားတယ်” ဟု ထားထက်ထက်က ပြောသည်။
ထားထက်ထက်သည် သြဂုတ်လ ၁၄ ရက်နေ့တွင် Miss Golden Land Myanmar Organization နှင့် စာချုပ် သက်တမ်း တစ်နှစ်ပြည့် သွားပြီဖြစ်ကြောင်း သိရ သည်။
”စာချုပ်သက်တမ်း ပြည့်သွားတဲ့ အတွက် ထားထက် အခုပညာရေး လှုပ်ရှားမှုရော၊ ပရဟိတ လှုပ်ရှားမှုရော တစ်စုံတစ်ဦး ရဲ့ လက်အောက်မှာ သွားနေစရာ မလိုတော့ ဘူး။ လွတ်လပ်စွာ လုပ်ခွင့်ရပြီ” ဟု ၄င်းကပြော သည်။
ရှေ့ဆက် လုပ်ဆောင်မည့် ကိစ္စများနှင့် ပတ်သက်ပြီး ”Miss တစ်ဦး အနေနဲ့ ရပ် တည်မယ်။ ကိုယ့် မိဘပြည်သူတွေ အားပေး ခဲ့တာကို အလဟဿ မဖြစ်အောင် Miss ဆိုတဲ့ ဂုဏ်ကိုလည်း ထိန်းသိမ်း သွားမှာပါ”ဟု ထားထက်ထက် က ပြောသည်။ Miss Grand Myanmar 2013 ထားထက်ထက်က အော်ဂနိုက်ဇေးရှင်း မှ သရဖူ လွှဲ ခွင့် မပေး သည့်ကိစ္စကိုလည်း သေချာ တိကျသောအဖြေ မသိရသေးကြောင်း ၄င်းကပြောသည်။
ထူးထူး
Popular News
Saturday, August 23, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment