Thursday, October 23, 2014

တက္ကသိုလ် ဝင်တန်း အောင်ချက် မြင့်မားရေး စီမံချက်များ အောက်တိုဘာလကုန်တွင် စတင်မည်




အမှတ် (၃) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ

အခြေခံ ပညာကျောင်းများမှ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ အတွက် အောက်တိုဘာ လကုန်မှ စတင်ကာ တက္ကသိုလ်ဝင်တန်း အောင်ချက် မြင့်မားရေး စီမံချက်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရန် အချိန်ပိုခေါ်၍ အခမဲ့ သင်ကြားမှု များ ပြုလုပ်ပေး မည် ဖြစ်ကြောင်း အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ အနက် အောက်တိုဘာလတွင် ဖြေဆိုခဲ့သော စာမေးပွဲတွင် ကျရှုံးခဲ့သော သူများကို အချိန်ပိုနှင့် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း၊ အောင်ချက်မြင့်မားရေး အစီအစဉ်များ ဦးစီးဌာန ညွှန်ကြားချက်များ အပြင် မြို့နယ်အလိုက် အောင်ချက် မြင့်မားရေး အစီအစဉ်များဖြင့်လည်း မိမိတို့၏ စာသင်နှစ်စမှ စတင်၍ ဆောင်ရွက် နေကြကြောင်း၊ ယခင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ၃၁ ရာခိုင်နှုန်းကျော်သာ ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ် ဝင်တန်းအောင်ချက်မြင့်မားရေး စီမံချက်များ ဆောင်ရွက်ရာတွင် မြို့နယ်အလိုက်၊ ကျောင်း အလိုက် ကျောင်းသား၊ ကျောင်းသူ များကို အမျိုးအစား ငါးမျိုးခွဲ၍ ဆောင်ရွက်မည် ဖြစ်သောကြောင့် ဂုဏ်ထူး ထွက်နိုင်သူ ၊ အောင်မြင်နိုင်သူ၊ အောင်မြင်ရန် လိုအပ်ချက် အနည်းငယ် ရှိသူ အစရှိသည်ဖြင့် ခွဲခြားကာ အချိန်ပိုများ ခေါ်ယူသင်ကြားပေး မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ အချိန်ပို ခေါ်ယူ၍ သင်ကြားရာတွင် တက္ကသိုလ် ပါမောက္ခများအား ခေါ်ယူကာ ကျောင်းများ၌တက္ကသိုလ် ဝင်တန်း ကျောင်းသား ၊ ကျောင်းသူများကို သင်ကြားစေခြင်း၊ ကျောင်းပိတ်ရက်များတွင် ပြင်ပကျူရှင် ဆရာများအား ကျောင်း သို့ ခေါ်၍ အခမဲ့ ပို့ချစေခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ပြီး မြို့နယ်များ တစ်ခုနှင့်တစ်ခု လုပ်ဆောင်မှုများ မတူညီကြောင်း သိရသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...