Thursday, October 23, 2014

အီဘိုလာရောဂါ စမ်းသပ်ကုသဆေး အရေအတွက်များများ ရရှိတော့မည်






အနောက်အာဖရိကနိုင်ငံတွေအနေနဲ့ အီဘိုလာရောဂါသည်အတွက် စမ်းသပ်ကုသဆေးတွေ လာမယ့် ဇန်န၀ါရီလမှာ အရေအတွက်များများ ရရှိတော့မယ်လို့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာပါတယ်။ကနေဒါအစိုးရက တိရစ္ဆာန်တွေနဲ့ စမ်းသပ်မှု ထိရောက်ခဲ့တဲ့ အီဘိုလာ ကာကွယ်ဆေးတမျိုး အောက်တိုဘာ ၂၀ ရက်နေ့က လူသားတွေနဲ့ စမ်းသပ်ခဲ့ပြီး ဒီဇင်ဘာလမှာ အဖြေသိရမယ်လို့ ပြောဆိုပါတယ်။

တချိန်တည်းမှာ အမေရိကန်ကူးစက်ရောဂါကာကွယ်ရေးဌာန (စီဒီစီ) နဲ့ GlaxoSmithKline ဆေးကုမ္ပဏီတို့ ပူးပေါင်းပြီး စမ်းသပ်နေတဲ့ ဆေးတမျိုးကိုလည်း ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေမှာ လူသားတွေကို စမ်းသပ်ထားပြီး ဖြစ်ပါတယ်။

ချင်ပန်ဇီ အဖျားဗိုင်းရပ်ပိုး ကုသဆေးကို အခြေခံဖော်စပ်တာဖြစ်ပြီး ဒီနှစ်မကုန်ခင် အဖြေ သိရမယ်လို့ ပြောပါတယ်။

စမ်းသပ်မှုအောင်မြင်တာနဲ့ တခါထည်းသုံးစွဲနိုင်အောင် ဆေးအရေအတွက် ၁ သောင်းကို အဆင်သင့် ပြင်ထားပါတယ်။

Johnson & Johnson ဆေးကုမ္ပဏီကလည်း နောက်ထပ်အီဘိုလာဆေးတမျိုးကို နောက်နှစ်ဆန်းမှာ စမ်းသပ်မှုစတင်မယ်လို့ သိရပါတယ်။

အဲဒီဆေးကတော့ ဆေး ၂ မျိုး သုံးစွဲရမှာ ဖြစ်ပြီး ပထမဆေးက ကိုယ်ခံအား ပြန်ကောင်းဖို့နဲ့ နောက်တမျိုးက ကိုယ်ခံအားအရှိန် မြှင့်တင်ဖို့ ဖြစ်ပါတယ်။

ဆေး ၂ မျိုးကို သီးခြားစီ ထုတ်လုပ်နိုင်တာကြောင့် အချိန်တိုအတွင်း အရေအတွက်များများ ထုတ်လုပ်နိုင်တယ်လို့ ကုမ္ပဏီက ပြောဆိုပါတယ်။

ဆေးတွေ အမျိုးမျိုးစမ်းသပ်နေပေမယ့် ရောဂါကူးစက်ခံရသူတွေကို သီးသန့်ခွဲထားပြီး ကုသမှုတဲ့နည်းဟာ လောလောဆယ် အထိရောက်ဆုံး ရောဂါဟန့်တားနည်းအဖြစ် လက်ခံ ထားဆဲ ဖြစ်ပါတယ်။




Thursday, October 23, 2014
DVB TV News

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...