ရန်ကုန်၊ အောက်တိုဘာ ၁၄
ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် သပိတ်ကုန်းကျေးရွာတွင် နေထိုင် သော ရန်ကွဲကွင်းရှိ သုံးမြွှာပူး ကလေးများ၏ ကျန်းမာရေးချို့တဲ့ နေသဖြင့် အကူအညီလိုအပ်နေ ကြောင်း သိရသည်။အဆိုပါကလေးများကို ရန်ကွဲ ကွင်းရှိ အုတ်တဲတွင် မွေးဖွားခဲ့ခြင်း ဖြစ်ပြီး တော်သလင်းလဆုတ် ၈ရက် ဗုဒ္ဓဟူးနေ့ မွန်းတည့် ၁၂နာရီတွင် မွေးဖွားခဲ့ခြင်းဖြစ်ကာ လှိုင်းဝဏ္ဏ အောင်၊ လှိုင်းဝဏ္ဏဆောင်၊ လှိုင်း ဝဏ္ဏမောင်ဟု အမည်ပေးထားကြောင်း သိရပြီး အဆိုပါကလေးများ၏ ဖခင် မှာ လှည်းကူးမြို့နယ်၊ သပိတ်ကုန်း ကျေးရွာ၊ ရန်ကွဲကွင်း အုတ်တဲ၌ အ လုပ်လုပ်နေသူ ဦးတင်မျိုးဇော်ဖြစ် ကြောင်းနှင့် ယခုမွေးဖွားသော ကလေးအမြွှာသုံးဦးအပါအဝင် စုစု ပေါင်း ကလေးခုနစ်ဦးကို ကျွေးမွေး စောင့်ရှောက်နေ ရကြောင်း သိရသည်။
''ကျွန်မရော၊ ကလေးတွေရော အာဟာရ လိုအပ်နေပါတယ်။ နို့ ညှာကလေးက တစ်နှစ်နဲ့ ရှစ်လဆို တော့ ညအိပ်ချိန်ဆိုရင် ကလေးက နို့လာစို့သေးတယ်။ ဒီကလေးသုံး ယောက်ကိုလဲ တိုက်ရတယ်ဆိုတော့ ကလေး လေးယောက်ကို နို့တိုက် နေရတာပါ။ အာဟာရကလဲ တော ဆိုတော့ ငါးခြောက်နဲ့ ထမင်းပဲ စားရတယ်။ အာဟာရတော်တော် ကို လိုအပ်ပါတယ်။ အခုကတော့ ဆေးရုံကကျွေးတဲ့ထမင်းနဲ့ ဟင်းကို စားနေပါတယ်'' ဟု မိခင်ဖြစ်သူ ဒေါ်ခင်မိုးအေးက ပြောသည်။
ယခုအခါတွင် ကလေးများ၏ ကျန်းမာရေးမှာ ချို့တဲ့လာသဖြင့် အောက်တိုဘာ ၁၃ရက် နံနက်ပိုင်း တွင် လှည်းကူးမြို့နယ်ဆေးရုံကြီး သို့ ပြသကာ အဆိုပါဆေးရုံကြီးမှ ရန်ကင်းကလေးဆေးရုံကြီးသို့ လွှဲ ပြောင်း လိုက်ခြင်းဖြစ်ကြောင်း သိရ သည်။
ထို့ပြင် ၄င်းတို့အနေဖြင့် ရန် ကင်းကလေးဆေးရုံကြီးသို့ အောက် တိုဘာ ၁၃ရက်နံနက် ၉နာရီဝန်းကျင် တွင် ရောက်ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ကလေးများမှာ လမစေ့ဘဲ မွေး ဖွားခြင်း၊ ပေါင်မပြည့် ဘဲမွေးဖွားခြင်း၊ အာဟာရ ချို့တဲ့ခြင်းတို့ကြောင့် လွှဲ ပြောင်းကုသပေးရခြင်းဖြစ်ကြောင်း၊ ယခုအခါတွင် အဆိုပါကလေးများ နှင့် မိသားစုမှာ အကူအညီများလိုအပ် နေပါသဖြင့် အိုင်အင်န်ဂျီအို အဖွဲ့များ၊ စေတနာရှင် များအနေဖြင့် ကလေး သုံးမြွှာပူး မိခင်ဒေါ်ခင်မိုးအေးကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရ သည်။
¤င်းတို့မတိုင်မီ ရန်ကင်းကလေး ဆေးရုံကြီးသို့ မော်လမြိုင်ကျွန်းမြို့နယ် ခုတင် ၁ဝဝဆံ့ တိုက်နယ်ဆေးရုံမှ လွှဲပြောင်းထားသော မိန်းကလေး အမြွှာသုံးဦးလည်း ကြိုတင်ရောက် ရှိနေကြောင်းလည်း သိရသည်။
အဆိုပါ မိန်းကလေးအမြွှာသုံးဦးကို မော်လမြိုင်ကျွန်းမြို့နယ် ကြက် သျှာအုပ်စု၊ ညီနောင်ကီးကျေး ရွာတွင် နေထိုင်သည့် ဖခင်ဖြစ်သူ ဦးအောင် အောင်၊ မိခင်ဖြစ်သူ မမီနန်းတို့မှ စက်တင်ဘာ ၂၅ရက် မွန်းလွဲ ၁နာရီ ၁၅မိနစ်တွင် အဆိုပါတိုက်နယ်ဆေးရုံ တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး စက်တင် ဘာ ၂၉ရက်တွင် ရန်ကင်းကလေး ဆေးရုံကြီးသို့ ရောက်ရှိလာခြင်းဖြစ် ကြောင်း သိရသည်။
UTW,NOL
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

0 comments:
Post a Comment