က ဗုဒ္ဓဘာသာဝင် မဖြစ်နိုင်ပေ။ သရဏဂုံတည်မှသာလျှင် ဗုဒ္ဓဘာသာဝင် တစ်
ယောက် ဖြစ်လာနိုင်ပေမည်။
ဗုဒ္ဓသာသနာတော်၏ ပန္နက်ဖြစ်သည့်အတိုင်း-
- ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရန်
- ရှင်သာမဏေဖြစ်ရန် အတွက်လည်းကောင်း၊
- ရဟန်းဖြစ်ရန် အတွက်လည်းကောင်း၊
သရဏဂုံနှင့်စတင်ကာ ပန္နက်ချကြရပေသည်၊ သရဏဂုံနှင့် ပန္နက်မချပဲ ဗုဒ္ဓဘာ
သာဝင်တစ်ယောက်လည်း မဖြစ်နိုင်ပေ။ ရှင်ရဟန်းလည်း မဖြစ်နိုင်ပေ။
သရဏဂုံသည် ဤမျှလောက် အခြေခံလည်းကျလှသည်၊ အရေးလည်းကြီးလှ
သည်၊ ထို့ကြောင့် ဗုဒ္ဓသာသနာတော်၏ ပန္နက်ဟုခေါ်ဆိုရခြင်းဖြစ်သည်
❁ ပထမဆုံး ဒွေဝါစိက သရဏဂုံတည်သူ ❁
မဟုသက္ကရာဇ် ၁၀၃-ခုနှစ်တွင် ဗုဒ္ဓဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်
မူသည်၊ ထို့နောက် ပလ္လင်္က, အနိမိသစသော ခုနှစ်ဌာနတို့၌ သတ္တသတ္တာဟ (ခု
နစ်ရက် ခုနစ်လီ) သတ္တဌာန စံနေတော်မူသည်။
ယင်းသို့ စံနေတော်မူစဉ် နောက်ဆုံးသတ္တဌာနဖြစ်သည့် ရာဇာယတန သတ္တာဟ
လင်းလွန်းပင်ရင်း၌ စံနေတော်မူသောအခါ ဥက္ကလာပဇနပုဒ်မှ တပုဿ နှင့်ဘလ္လိ
က ကုန်သည်ညီနောင်တို့သည် ဗုဒ္ဓဘုရားရှင်အား လာရောက်ဖူးမြော်ကြကာ
ကြွက်ကျစ်မုန့်-ပျားမုန့်ဆု
ထိုအခါ ဗုဒ္ဓဘုရားရှင်က ယင်းကုန်သည် ညီနောင်တို့အား ဗုဒ္ဓဘာသာဝင်များဖြစ်
လာအောင် ဒွေဝါစိက သရဏဂုံကိုပေးကာ ဗုဒ္ဓသာသနာ့ပန္နက်ချ ပေးတော်မူခဲ့
သည်၊ တစ်ဆက်တည်းပင် ဦးခေါင်းတော်ကို သုံးသပ်၌ ဆံတော်ဓာတ် လက်တစ်
ဆုပ်ကိုလည်း ပေးအပ်ချီးမြှင့်တော်မူလိုက
ဒွေဝါစိက သရဏဂုံ ဆိုသည်မှာ-
- ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
- ဓမ္မံ သရဏံ ဂစ္ဆာမိ
ပင်ဖြစ်သည် ထိုအချိန်က ဗုဒ္ဓသာသနာတော်၌ သံဃာတော်များ မရှိသေးပေ၊ ထို့
ကြောင့် ‘သံဃံ သရဏံ ဂစ္ဆာမိ’ မပါပဲ ဒွေဝါစိက သရဏဂုံဖြင့်သာ ဗုဒ္ဓဘုရားရှင်
က ဗုဒ္ဓသာသနာ့ပန္နက်ကို ချပေးတော်မူခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓသာသနာတော်၏ သရဏဂုံသမိုင်း၌ တပုဿ နှင့်ဘလ္လိက ကုန်
သည်ညီနောင်တို့ကို ပထမဆုံး ဒွေဝါစိက သရဏဂုံတည်သူဟု မှတ်ယူရပေမည်။
❁ လယ်တီအရှင်ကေလာသ ❁
❁ မဟာသရဏဂုံတော်ကြီး မြန်မာဋီကာ ❁
Buddhavasa Tiloka
0 comments:
Post a Comment