လူအများယုံကြည်ထားတာတွေကို ဆန့်ကျင်ပြီးပြောရရင် ဗီတာမင်စီက အအေးမိခြင်းကို ကာကွယ်မပေးနိုင်ပါဘူး ဒါပေမဲ့သူက ခန္ဓာကိုယ်တစ်သျူးတွေအတွက်တော့ အရမ်းအရေးပါတယ်။ နောက်ပြီး သူကသွေးကြောတွေ၊ အရွတ်တွေ အရေပြားတွေ တည်ဆောက်တဲ့နေရာမှာလည်း လိုအပ်သလို
တည်ဆောက်ပးဖို့အတွက် သူက ခန္ဓာကိုယ်ကို ကူညီပေးပါတယ်။ ဆိုးကျိုးတွေပဲ ရှိတာလား။
ဗီတာမင်စီက ရေမှာပျော်ဝင်နိုင်တဲ့အတွက် ခန္ဓာကိုယ်မှာ သိုလှောင်ထားလို့တော့ မရပါဘူး။ အဲဒီတော့ လိမ္မော်သီးတစ်လုံးထက် ဗီတာမင်စီဓါတ်ပိုများတဲ့ အောက်ပါ အာဟာရရှိတဲ့ အစားအစာတွေကို စားသုံးခြင်းအားဖြင့် ဗီတာမင်စီဓါတ်ပိုမိုကြွယ်ဝလာပါလိမ့်မယ်။
ငရုတ်ပွသီး
အဲဒီအသီးတွေက အရောင်စုံတယ်။ ကြွတ်ဆတ်တယ်။ ပြီးတော့ငရုတ်ပွသီးတစ်ခြမ်းမှာ ဗီတာမင်စီ ၁၅၅ မီလီဂရမ်ပါတယ်။
သင်္ဘောသီး
သင်္ဘောသီးတစ်ခြမ်းမှာ ဗီတာမင်စီ ၂၃၈ မီလီဂရမ်ပါတယ်။ ဒါ့အပြင်သင်္ဘောသီးက ဗီတာမင်အေနဲ့အမျှင်ဓါတ်ကြွယ်တဲ့ အသီးတစ်မျိုးလည်းဖြစ်တယ်။
မာလကာသီး
မာလကာသီးတစ်ခြမ်းမှာ ဗီတာမင်စီ ၃၇၇ မီလီဂရမ်ပါဝင်တယ်။
ကိုက်လန်
ကလန်မှာ လိမ္မော်သီးထက် ဗီတာမင်စီဓါတ်ပိုများတယ်။ အရွက်၂ခုမှာ ဗီတာမင်စီ ၁၅၀ မီလီဂရမ်ပါဝင်တယ်။
စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီးတစ်ခြမ်းမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်က ခပ်လတ်လတ် လိမ္မော်သီးမှာပါတဲ့ အရေအတွက်နဲ့ညီမျှတယ်။
Monday, August 11, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment