လွတ်လပ် ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့ဟာ မနေ့ ညက ရန်ကုန် မြို့တွင်း မှာ
ရပ်နေတဲ့ ကုန်တင် ယာဉ် တစ်စီး ကို ဝင်တိုက်မိ တဲ့ အတွက် အဖွဲ့သား
တွေ ထိခိုက် ဒဏ်ရာ ရခဲ့ ကြပြီး ရန်ကုန် ဆေးရုံကြီး ကို ရောက်ရှိ နေကြောင်း
သတင်း ရရှိ ပါတယ်။ အလှူခံ ပြီး အပြန် သီချင်း အော်ဟစ် ဆို ပြန်လာ ကြတာ
ဖြစ်ပြီး အရက်မူး နေသည် ဟု ယူဆ ရကြောင်း မျက်မြင် များက ဆိုပါ တယ်။ ရေဘေး
ဒုက္ခသည် တွေ စစ်တပ် နဲ့ ကြံ့ခိုင်ရေး ပါတီ တို့ ကူညီ ပြီး ၂ ရက် အကြာမှာ
NLD အနေ နဲ့ လည်း ကူညီ နိုင်ရေး အတွက် မြို့တွင်း လှည့်လည် အလှူ ခံတာ
ဖြစ်ကြောင်း သိရ ပါတယ်။ မူးယစ် အော်ဟစ်ပြီး ကားနဲ့ အပြန်၊ ရန်ကုန် မြို့
ဝါးတန်း လမ်းထိပ် အရောက် မှာ လွယ်ဟိန်း ကုမ္ပဏီက ကုန်ကား ကြီး တစ်စီးက
တိုက်မိ ခဲ့တာ ဖြစ်ပါတယ်။
ယာဉ်တိုက် မှုနဲ့ ပတ်သက် ပြီး မျက်မြင်
တစ်ဦးက အခုလို ပြော ပါတယ်။ “ကား တိုက်တယ် အသံကြား လို့ ထွက်ကြည့် တာ တိုက်
တာက နောက်က ကားက ရှေ့က ကားကို ဝင်စောင့် တာ .... နောက် ကားက မူးနေ တယ်
လို့ ပြောတယ် .. ကားမှာ ဗိုလ်ချုပ် အောင်ဆန်း ပုံလည်း ချိတ်ထား တယ် …
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလံ လည်း ပါတယ် ..” လို့ ဆို ပါတယ်။
ပန်းရဲ့လမ်း အဖွဲ့ဝင် တွေကို တင်ဆောင် မောင်းနှင် လာတဲ့ ယာဉ်မောင်း ကို
အရွတ်ခန်း ဒဏ်ရာ ပြင်းထန် ပြီး၊ အဆိုတော် ကို သားထွေး ခေတ္တ သတိ လစ်သွား
ခဲ့ပါ တယ်။ ကား ရှေ့ခန်း မှာ လိုက်ပါ လာတဲ့ အဆိုတော် သက်လျာဦး လဲ
ဦးခေါင်း မှာ ဒဏ်ရာ ရသွား ပြီး တခြား သူတွေ လည်း ဒဏ်ရာ တွေ ရခဲ့ ကြပါတယ်။
သူတို့ တစ်ဖွဲ့ လုံး ရန်ကုန် ဆေးရုံကြီး အရေးပေါ် ဌာန ကို ရောက်ရှိ ခဲ့ကြ
ပါတယ်။ မဇ္ဈိမ လှိုင်း ကိုရဲလွင် ကတော့ အဲဒီ ကားမှာ မပါ ခဲ့ ပါဘူး။ ကို
ရဲလွင် နဲ့ အတူ ကို မင်းကိုနိုင်၊ NLD လွှတ်တော် ကိုယ်စားလှယ် မဖြုဖြူသင်း
တို့လည်း ဆေးရုံကြီး ကို ရောက်ရှိ အားပေး ခဲ့ကြောင်း သိရ ပါတယ်။
ပန်းရဲ့လမ်း အဖွဲ့ ဟာ NLD ပါတီ အတွက် လိုအပ် ချက်များ လုပ်ဆောင် ပေးတဲ့
အဖွဲ့ ဖြစ်ပြီး နယ်လည့် အလှူငွေ ကောက်ခြင်း၊ ၄၃၆ လက်မှတ် ကောက်ခြင်း
များကို လုပ်ဆောင် ပေးခဲ့ ပါတယ်။ တရား ဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ
ဒေါ်အောင်ဆန်း စုကြည် ၏ ပါတီ အလံ ချိတ်ဆွဲ ထားတဲ့ ကား တစ်စီး က ဥပဒေ မဲ့
စည်းကမ်း မရှိ မူးယစ် အော်ဟစ် သီချင်း ဆို မောင်းနှင်ပြီး ယာဉ်တိုက်မှု
ဖြစ်ခြင်း အတွက် ပြည်သူ အများ က မေးခွန်း ထုတ်လျှက် ရှိပြီး ယခင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မဲဆွယ် စည်းရုံး ပွဲများ ကျင်းပစဉ် ကလည်း
စည်းမဲ့ ကမ်းမဲ့ ယာဉ်တိုက် မှုများ ဖြစ်ပေါ် ခဲ့ကြောင်း သိရ ပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment