Thursday, August 14, 2014

ပခုက္ကူခရိုင်/မြို့နယ်မိခင်နှင့် ကလေးနှင့် ကျန်းမာရေး ဦးစီးဌာန ပူးပေါင်း၍ အာဟာရ ချက်ပြုတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့် ပွဲကျင်းပ

ပခုက္ကူ - သြဂုတ် - ၁၃

ပခုက္ကူခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော အာဟာရချက်ပြုတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကို သြဂုတ်(၁၁)ရက်၊ နံနက်(၉)နာရီတွင် ပခုက္ကူမြို့၊ ပြည်သာယာ ခန်းမ၌ ကျင်းပရာဒေသန္တရဆရာဝန်ဒေါက်တာဖြူမာမြင့်က အာဟာရနှင့် ပတ်သက်၍ ချက်ပြုတ် ပုံနည်းစနစ်အကြောင်းရှင်းလင်းပြောကြားပြီး၊ ပခုက္ကူ၊ရေစကြို၊မြိုင်၊ပေါက်၊ ဆိပ်ဖြူ၊ကမ္မတိုက်နယ် နှင့်မြစ်ခြေ တိုက်နယ်တို့ဝင်ရောက် ယှဉ်ပြိုင်ကြရာပထမ ၊ရေစကြိုမြို့နယ်၊ ဒုတိယပခုက္ကူမြို့နယ်၊ တတိယ အဖြစ် မြိုင်မြို့ နယ်နှင့် ဆိပ်ဖြူမြို့နယ် တို့ရရှိပြီးဆုများကိုခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ ဥက္ကဌ ဒေါ်ဝေေ၀နိုင်ကပေးအပ်လိုက်ကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...