ဇနီးသည်ရှိသော မန္တ လေးမြို့တွင် လာရောက်နေထိုင် သည့် တရုတ်နိုင်ငံသားမူးယစ် တရားခံပြေးတစ်ဦးကို သြဂုတ် ၇ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။
တရုတ်နိုင်ငံကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ပြည်သူ့လုံခြုံရေး ဌာနမှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာအ တွင်းက ဖမ်းဆီးရမိခဲ့သော မူး ယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုနှင့် ပတ်သက်နေသည့် တရားခံပြေး တရုတ်အမျိုးသားတစ်ဦးသည် ဇနီးရှိရာ မန္တလေးမြို့သို့လာရောက်နေထိုင်နေကြောင်း သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါတရုတ်အမျိုးသားကို မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ် အမှတ် (၆) ရဲစခန်းတွင် ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) လ၀ကအက် ၁၃(၁) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
Monday, August 11, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment