Tuesday, August 26, 2014

အဆိုတော်လုပ်ဖို့ အစီအစဉ် မရှိဘူးဆိုတဲ့ မော်ဒယ်လ် အမရာငြိမ်း

မော်ဒယ်လ်လောကထဲကို စတင်ခြေချလာခဲ့ရင်းနဲ့ ရှိုးပွဲတွေလျှောက်လှမ်းဖြစ်ရာကနေ တဖြေးဖြေး မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ဓာတ်ပုံရိုက်ရာမှ ပရိသတ်တွေ သိရှိလာခဲ့သလို ၂၀၁၃ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့သေးတဲ့ မော်ဒယ်လ် အမရာငြိမ်းကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့အတူ မေးဖြစ်ခဲ့တာကတော့ “ညီမ ဂျာနယ်တွေ၊ မဂ္ဂဇင်း တွေအတွက်ဓာတ်ပုံရိုက်ဖြစ်တယ်။ ပွဲတွေရှိရင် တက်ဖြစ်တယ်။ ရိုးလျှောက်ဖြစ်တယ်။ ပြီးတော့အခု ဇာတ်လမ်း တွဲတစ်ခုရိုက်မယ်ဆိုပြီး ပြောထားတာတော့ရှိပါတယ်။ ဘယ်နေ့ဆိုတာ သေချာတော့ မသိရသေးပါဘူး။ ဘယ်လိုကာရိုက်တာဆိုတာ လည်းမသိရသေးလို့ အသေအချာ မပြောနိုင်သေးပါဘူး။ နောက်ပိုင်းမှာ ညီမ သရုပ်ဆောင်အနေနဲ့ လုပ်သွားဖို့တော့ ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ယုံကြည်မှု မရှိသေးဘူး။ လေ့လာဖို့ အများကြီး လိုအပ်ပါသေးတယ်။ အခုတော့ မော်ဒယ်လ်တစ်ယောက် အနေနဲ့ပဲ ရပ်တည်သွားဖြစ်ဦးမယ်ထင်ပါတယ်။ ညီမကတော့အဆိုတော်လုပ်ဖို့အစီအစဉ်မရှိပါဘူး။ ကိုယ့်ကိုကိုယ်လည်း ရှေ့ဆက်မယ့် အနုပညာခရီးလမ်းအတွက် အများကြီးကြိုးစားရအုံးမှာပါ။ ပရိသတ်ရဲ့အားပေးမှုတွေ ရဖို့ကြိုးစားရအုံး မယ်”လို့ သူမက ဆိုပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...