Tuesday, August 26, 2014

အချစ်ရေးကို သတ်သွားတဲ့ ကြောက်စိတ်များ

သင့်ကိုသင် ပြည့်စုံနေတယ်လို့ထင်လား ဒါမှမဟုတ် ငြင်းပယ်ခံရမယ်ဆိုပြီး စိုးရိမ်နေလား။ ချစ်သူက ဖုန်းမကိုင်တာ၊ အီးမေးစာမပြန်တာတို့ ဆိုရင် သင့်လို စိုးရိမ်နေတဲ့စိတ်တွေနဲ့ ဘာတွေဖြစ်နေပြီလဲဆိုပြီး စိုးရိမ်သောက စိတ်တွေရှိနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ကိုယ့်အချစ်ရေးကို ကိုယ်တိုင်သတ်သွားတဲ့ ဒီစိုးရိမ်ကြောင့်ကြတဲ့ စိတ်ထားတွေက ဘာတွေဖြစ်မလဲဆိုတာ အောက်မှာ ဆက်ပြီးလေ့လာကြည့်ပါ။

၁။ အထီးကျန်ခြင်း

“ချစ်သူက ကိုယ့်ကိုထားသွားလိမ့်မယ် ဒါမှမဟုတ် သူဆုံးသွားရင် ငါဘယ်လိုခံစားရမလဲ။ သူ့နေရာမှာ ဘယ်သူကများ အစားထိုးပေးမှာလဲ” ဆိုပြီး စိုးရိမ်စိတ်မျိုးနဲ့ အထီးကျန်ဝေဒနာကို ကြောက်လန့်နေတဲ့ သင့်ရဲ့ စိတ်ဓါတ်က သင့်အချစ်ရေးကို ထိခိုက်စေနိုင်ပါတယ်။

၂။ ယုံကြည်မှုမရှိခြင်း

“ကိုယ်နဲ့ အရင်းနှီးဆုံးသူကပဲ ကိုယ့်ကိုပြန်ပြီး နာကြင်အောင်လုပ်ခဲ့တာပါ။ ငါကိုယ်ငါ မကာကွယ်ဘူးဆိုရင် ငါ့ဆီကနေ အကျိုးအမြတ်တွေ ယူသွားလိမ့်မယ်။ ချော့မွေ့နေတတ်တဲ့ နှုတ်ခမ်းကနေပဲ အဆိပ်တွေထွက်လာတတ်တာပါ” ဆိုပြီး ယုံကြည်လက်ခံထားတဲ့သူဖြစ်နေရင်တော့ သင့်အချစ်ရေးဟာ ရင်မောစရာပဲဖြစ်ပါတယ်။

၃။ စိတ်ခံစားချက်အားငယ်နေခြင်း

“အထီးကျန်နေတယ်။ ငါလိုချင်တဲ့အချစ်ကို ပိုင်ဆိုင်ခွင့်မရှိဘူး။ ငါ့ခံစားချက်နဲ့ ကိုက်ညီအောင် ဂရုစိုက်ပေးနိုင်တဲ့သူ လောကမှာမရှိဘူး။” ဆိုပြီး သင့်စိတ်ခံစားမှုကို သင်ထိန်းချုပ်ပစ်လိုက်မယ်ဆိုရင်တော့ အချစ်ဆိုတာ သင်တစ်ခါမှ မခံစားဖူးသလို တကယ်တော့ သင်ကိုယ်တိုင်ကပဲ အချစ်ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတာ မသိတာပါ။

၎။ ဆုံးရှုံမှုများခြင်း

“သူငယ်ချင်းတွေဟာ ငါ့ထက် ပိုအောင်မြင်ကြတယ်။ ပိုလှကြတယ်။ ငါ့မှာ ကောင်းတဲ့အကွက်တစ်ခုမှမရှိဘူး….” ဆိုပြီး သင့်စိတ် မတည်မငြိမ်ဖြစ်နေတယ် ဆိုရင်တော့ နှိုင်းယှဉ်မှုတွေကို ကြောက်တယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားပါတယ်။ ဒီတစ်ခုတည်းတင်မကပါဘူး သင့်ရဲ့အချစ်ရေးအတွက် သင့်ကိုသင်ယုံကြည်စိတ်ချမှုလျော့နည်းသွားတဲ့အတွက် အချစ်နဲ့ဝေးရာကို သင့်ကိုယ်သင် ဖယ်ထုတ်လိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။

Ref:pof.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...