သူငယ်တန်း တက်ဖို့ မန္တလေး အထက (၈) မှာ ကျောင်းသွားအပ် တော့ မှပြဿနာက တက်ပါလေရော။ ကျောင်အပ်ရမယ့် ရက်မှာ ဖေဖေရော၊ မေမေရော ခရီးသွားဖို့ ရှိတော့ အိမ်နီးချင်းတွေ ကို ကျောင်းအပ်ပေး ဖို့အပ်ခဲ့ကြလေရဲ့။
ကျောင်းသွား အပ်ကြတော့ အိမ် နီးချင်းကလေး တွေနဲ့ အတူတူ သွား ရင်းနဲ့ ငါ ကလေး မဟုတ်တော့ဘူး၊ ကျောင်းသူကြီး ဖြစ်တော့မယ် လို့ တွေးပြီး ပျော်လာတာပေါ့။
ကျောင်းလည်းအပ်ရော ဆရာမ က မိဘအမည် ဆိုတော့ ဦးဝင်းဖေ၊ ဒေါ်ခင်မြိုင် လို့ အကျယ်ကြီး အော် လိုက်တယ်။ ကျောင်းသူ အမည် ဆိုတော့ မဝင်း ဖေလို့ ပိုပြီး ကျယ်တဲ့ အသံနဲ့ ထပ်အော်ပြော လိုက်တော့ဘေး က လူတွေ အားလုံး ဝါးခနဲ ဝိုင်းရယ် ကြတယ်။
ဆရာမက ဝင်းဖေဆိုတာ သမီးအဖေရဲ့ နာမည်လေ။ သမီး နာမည် မဟုတ်ဘူး ဆိုပြီး ထပ် မေးပြန်ရော။ မဝင်းဖေလို့ ချည်း ပဲဖြေနေတော့ ဆရာမ က လိုက်အပ်ပေး တဲ့ အန်တီကို ဆူပါလေရော။ အဲဒီ အန်တီက အိမ် မှာတော့ မီးမီးလို့ ခေါ်ကြတဲ့ အကြောင်း ပြောပြတယ်။သူ့ မိဘတွေ လည်း မြစ်ကြီးနား ဘက် သွားနေကြတယ်။ ဘယ် လို လုပ်ရ မှန်းမသိတော့ ပါဘူးဖြစ်ပါလေရော။ ဆရာမ ကို “ကျွန်တော့် နာမည် မဝင်းဖေပါ” လို့ ချည်း ဖြေနေတာ (မန္တလေးသူ ဆိုတော့ ငယ်ငယ်တုန်းက ကျွန်တော် လို့ပဲ ပြော တတ်တာ)။
အဲ့ဒီလို “ကျွန်တော့် နာမည် မဝင်း ဖေပါ”လို့ပဲ ဖြေနေတော့ ဆရာမက အိမ် အမည်ရော၊ ကလေးပြောတဲ့ အမည်ရော မီးမီးဝင်းဖေလို့ ဖြည့် ပေးထားမယ်လို့ ဆုံးဖြတ် လိုက် တယ်။
အဲဒီမှာ ဘေးလူတွေက တစ်ယောက် တစ်ပေါက်နဲ့ ဝစ္စနှစ်လုံးပေါက် တွေဖြုတ်ရင် မီမီဝင်းဖေ ဆို ပိုကောင်း တယ်ဆိုပြီး ဝိုင်းပြီး နာမည်ပေးလိုက် ကြလေရဲ့။ လူတွေ တစ်ယောက် တစ် ပေါက်တွေ ပြောတာကြားမှ ဟုတ် တယ်…ငါ့မှာ ကိုယ်ပိုင် နာမည်လည်း မရှိပါလားလို့ သိသွားပြီး မျက်ရည် လေး ကလယ် ကလယ်ဖြစ်ခဲ့ရတယ်။
တစ်ခါတလေ လူတွေဝိုင်းပြီး ပေးလိုက်ကြတဲ့ မီမီဝင်းဖေ ဆိုတဲ့ နာ မည် အကြောင်းကို စဉ်းစားမိရင် ဒီ အရွယ်ကြီး အထိ ကိုယ့်ကိုယ်ကိုယ် သနားမဆုံး ဖြစ်နေတုန်းပါ။
အဲ့ဒါ ကတော့ အများတကာ မသိ ကြတဲ့ သနားစရာ မီမီဝင်းဖေလေး အကြောင်းပေါ့။ (နောက်တော့ အေးသီခိုင်၊ နောက်တော့ မီမီဝင်းဖေ နာမည်တွေ ရဲ့ အဖြစ် အ ပျက် တွေကိုလည်း ပြောပြချင်ပါ သေးတယ်)
Popular Journal

0 comments:
Post a Comment