Monday, August 11, 2014

ရိုးရာအိုးပုတ် ပွဲတော်

ဧရာဝတီ မြစ်ကမ်းနံဘေး လမ်းမကြီးတွင် လူများစွာဖြင့် ပြည့်ကျပ် နေသည်။ မြင်ကွင်း တစ်ခုထဲ၌ ငယ်စဉ်က ဆော့ကစား လေ့ရှိသည့် အိုးပုတ်ချိုးရုပ် အရောင်းဆိုင်လေး များစွာ ရှိနေသည်။ အဆိုပါ အိုးပုတ် အရောင်းဆိုင်များ အနီးတွင် ကလေးများ သာမက လူကြီး လူငယ် အရွယ်မျိုးစုံ ပြေးလွှားကာ ပျော်ရွှင် မြူး တူး နေကြသည်။
မြေထည်ဖြင့် ပြုလုပ်ထားသည့် အိုးပုတ် များကို ရွေးချယ် ၀ယ်ယူရန် လူအများ ကြည့်ရှု နေကြချိန်တွင် အဆိုပါ အိုးပုတ်များကို ကလေးငယ် အချို့မှာ လုယူ ပြေးလွှား နေကြသည်ကလည်း အများသားပင် ဖြစ်သည်။ ထိုသို့ လုယူသွား သော်လည်း ဆိုင်ရှင်များသည် ပျော်ရွှင် ရယ်မောစွာပင် ရှိကြသည်။ စိတ်တွင် ငြိုငြင်မှု မရှိကြချေ။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသကဲ့သို့ ထိုပွဲတော်သည် အညာဒေသ၏ အိုးပုတ်ပွဲတော် (ခေါ်) အိုးပုတ်ခိုး ပွဲတော်ပင် ဖြစ်သည်။

နှစ်ပေါင်း (၁၀၀)ကျော်ကြာ နှစ်စဉ် ရိုးရာမပျက် ကျင်းပလေ့ရှိပြီး မန္တလေးမြို့ အိုးဘိုရပ်ကွက်ရှိ ဧရာဝတီမြစ်ကမ်း နံဘေးတွင် တစ်နှစ်လျှင် ၀ါဆိုလဆန်း (၈) ရက်၊ ဥပုဒ်နေ့ တစ်ရက်တည်းသာ ကျင်းပလေ့ရှိသည့် ရိုးရာပွဲတော် တစ်ခု ဖြစ်သည်။ အိုးပုတ် ပွဲတော်တွင် မြေထည်ဖြင့် ပြုလုပ်ထားသော ကလေးကစားစရာ အိုးပုတ် အရုပ်ကလေးများ ဖြစ်သည့် အိုးခွက်၊ ပန်းကန်ငယ် လေးများ၊ စုဗူးများကို ရောင်းချသည့် ဆိုင်များ သာမက မိသားစုသုံး မြေပစ္စည်းများနှင့် စဥ့်ထည် ပစ္စည်း မျိုးစုံကိုလည်း ပြသ ရောင်းချလေ့ ရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...