Tuesday, September 23, 2014

လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ သီချင်းမျိုးတွေကို အသက် ၁၄နှစ်ကတည်းက ရေးသားခဲ့တယ်လို့ ဆိုလိုက်တဲ့ Ariana Grande

 
အရင်ကထက် ပိုနာမည်ကြီးလာတဲ့ Ariana Grande ကတော့ သူမရဲ့ ဒုတိယအယ်လ်ဘမ်ဖြစ်တဲ့ My Everything ထွက်ရှိပြီးတဲ့နောက် အောင်မြင်ပြီးရင်း အောင်မြင်တယ်လို့ပဲ ပြောရမှာပေါ့။ ခုဆို သူမဖြစ်ချင်တဲ့၊ 
လိုချင်တဲ့ အနေအထားကိုလည်း ရောက်လာခဲ့ပြီလေ။ တကယ်တော့ သူမဟာ အသက် ၁၄နှစ်ကတည်းက R&B အယ်လ်ဘမ်တစ်ချပ်ဖန်တီးဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါ။ သူမရဲ့ပြောစကားအရတော့ သူမအသက် ၁၄နှစ်အရွယ်တုန်းက အဲ့ဒီအရွယ်နဲ့မလိုက်တဲ့ ရင်ကျင့်တဲ့ အတွေး အခေါ်တွေနဲ့ သီချင်းတော်တော်များများကို ရေးသားခဲ့ပါတယ်တဲ့။
သူမက အဲ့ဒီတုန်းကအကြောင်းနဲ့ ပတ်သက်ပြီး "ကျွန်မအသက် ၁၄နှစ်တုန်းက Higher ဆိုတဲ့ သီချင်းလေး တစ်ပုဒ်ကို ရေးဖူးတယ်။ အဲ့ဒီသီချင်းမှာ လိင်ပိုင်းဆိုင်ရာဘက် နည်းနည်းရောက်တဲ့သီချင်းဆိုပေမယ့် အရမ်းလည်း ရင့်ကျက်တဲ့ သီချင်းမျိုးပေါ့။ အဲ့သီချင်းစာသားတွေကို အမေက တွေ့တော့ ဟာ သီချင်းက အရမ်းကောင်းတာပဲ။ ဒါပေမယ့် ညည်းအသက်အရွယ်နဲ့ ဒီသီချင်းမျိုး ဘယ်လိုရေးလိုက်သလဲလို့တောင် တအံ့တသြဖြစ်ရတယ်လို့ အဲ့ဒီတုန်းက ကျွန်မကိုပြောသေးတယ်"တဲ့။
ဒါ့အပြင်သူမရဲ့ ဖန်တီးမှုတွေနဲ့ သူမရဲ့ တကယ့်အပြင်ကာရိုက်တာတွေကတော့ ကွဲပြားမှုတွေရှိနေမှာပါ။ သီချင်းထဲက ကောင်မလေးပုံစံဟာ သူမရဲ့ပုံစံမဟုတ်ဘူးလို့လည်း Ariana Grande က ဆိုဖူးပါတယ်။
"ခုဆို ကျွန်မရဲ့ဆံပင်အနက်တွေကို အညိုရောင်ပြောင်းဆိုးလိုက်ပြီ။ ပြီးတော့ ဗီဒီယိုထဲမှာလည်း ရက်ပ်ပါ တစ်ယောက်နဲ့ ချစ်တဲ့အခန်းမျိုးတွေ ပါချင်ပါမယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလို သရုပ်ဆောင်ကြည့်ချင်လို့။ လူတွေရှေ့မှာ တစ်ခြားတစ်ယောက်လို အကြာကြီးဟန်ဆောင်ပန်ဆောင် နေရပြီးတဲ့နောက်မှာတော့ ကျွန်မလုပ်ချင်တာလေးတွေ လုပ်ဖို့ တော်တော်လေး စိတ်လှုပ်ရှားနေတယ်"လို့လည်း သူမက Marie Clarie အင်တာဗျူးမှာ ပြောသွားပါတယ်။
Ref:starpulse.com
မေသော်
Trend Myanmar

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...