အိန္ဒိယ နိုင်ငံသား ဘူပင်ဒါဟာ မော်တော် ဆိုင်ကယ်စီးရင်း ခေါင်းပေါင်းခြင်းကို ပြုလုပ် နိုင်ခဲ့ပါတယ်။ ဘူပင်ဒါဟာ အိန္ဒိယ နိုင်ငံရှိ ဂျာလန်ဟာ လမ်းမပေါ်မှာ သူ့ရဲ့ စွန့်စားမှုကို ပြသ ခဲ့ခြင်း ဖြစ်ပါတယ်။ ဘူပင်ဒါဟာ တစ်နာရီကို မိုင်(၃၀)နှုန်းနဲ့ မောင်းနှင်နေတဲ့ မော်တော်ဆိုင်ကယ်ပေါ်မှာ ခေါင်းပေါင်းခြင်း ကို ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။ ဘူပင်ဒါဟာ ဆိုင်ကယ် ရှေ့မှာတင်ထားတဲ့ အရုပ်တစ်ရုပ်ကို ဆိုင်ကယ် မောင်းနှင်ရင်း ခေါင်းပေါင်းမှုကို ပြုလုပ် ပြခဲ့ခြင်း ဖြစ်ပါတယ်။ ဆိုင်ကယ်ဟာ မောင်းနှင် နေတာမို့ သူ့အနေနဲ့ ဟန်ချက် ညီမှု ရှိအောင် ပြုလုပ် ခဲ့ရပါတယ်။ လက်နဲ့ ပါးစပ်တို့ကို အသုံးပြုပြီး ဆိုင်ကယ်ရှေ့မှာ ရှိတဲ့ အရုပ် အပေါ်မှာ ခေါင်းပေါင်းမှုကို ကျွမ်းကျင်စွာ ပြုလုပ် ပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဘူပင်ဒါဟာ ဆစ်ခ်လူမျိုး တစ်ဦး ဖြစ်ပါတယ်။ ဆစ်ခ်လူမျိုးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို တန်ဖိုးထား လေးစား သူတွေ ဖြစ်ပါတယ်။ ပန်ဂျပ် ပြည်နယ်မှာ နေထိုင်တဲ့ ဘူပင်ဒါဟာ သူတို့ မျိုးနွယ်စုတွေရဲ့ တန်ဖိုး အထား ဆုံးဖြစ်တဲ့ ခေါင်းပေါင်းခြင်းကို ပြသနိုင်ဖို့ အခုလို စွန့်စားမှုကို လုပ်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ဘူပင်ဒါက’ကျွန်တော်တို့ ဆစ်ခ် လူမျိုးတွေဟာ ကမ္ဘာအနှံ့မှာ ရှိပါတယ်။ ဒါပေမဲ့ ဆစ်ခ်လူမျိုးတွေဟာ ဘယ်နေရာကိုပဲ ရောက်ရောက် ကိုယ့်ရဲ့ ယဉ်ကျေးမှုကို ပြသလေ့ ရှိပါတယ်။ ကမ္ဘာတစ်ဝန်းက လူတွေ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို သိရှိနိုင်ဖို့ အခုလို ပြုလုပ် ရခြင်း ဖြစ်ပါတယ်’လို့ ပြောကြား သွားခဲ့ပါတယ်။ ဒါ့အပြင် ဘူပင်ဒါဟာ ဆစ်ခ်လူမျိုး တစ်ဦး ဖြစ်ရခြင်း အတွက် ဂုဏ်ယူမိကြောင်း ပြောကြား သွားခဲ့ ပါတယ်။
Messenger
0 comments:
Post a Comment