Friday, October 17, 2014

အင်္ဂလန်နှင့် မန်ယူအတွက် စိုးရိမ်စရာဖြစ်လာသည့် ရွန်းနီ၏ ခြေစွမ်း



ကလပ်အသင်းနှင့် နိုင်ငံအသင်းအ တွက် အသင်းခေါင်းဆောင်ရာထူး ဖြင့် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိနေ သည့် တိုက်စစ်မှူးရွန်းနီခြေစွမ်းနှင့်ပတ်သက် ၍ သံသယများစွာနှင့် မေးခွန်းထုတ်စရာများ ရှိလာခဲ့သည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့က တော် လင်းတွင် အက်စ်တိုးနီးယားကို ဂိုးသွင်းယူ နိုင်ခဲ့သော်လည်း ကိုယ့်အသင်းထက် အစစ အရာရာ အားနည်းနေသည့် ပြိုင်ဘက်အသင်း နှင့် ရင်ဆိုင်ရာ၌ ဖြုန်းတီးပစ်ခဲ့သည့် အခွင့် အရေးများကြောင့် ရွန်းနီမှာ ကြီးမားသော ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

အသင်း ခေါင်းဆောင်တစ်ယောက်ဖြစ်နေခြင်းကြောင့် အသင်းနှစ်သင်းတွင် နေရာရရှိနေခြင်းဖြစ် ပြီး သို့မဟုတ်ပါက ပုံမှန်ပွဲထွက်ခွင့်ပင် ရရှိ မည် မဟုတ်သည့် အခြေအနေပင်။ လက်ရှိ ရွန်းနီ၏ခြေစွမ်းမှာ အကျဘက်သို့ရောက်ရှိ နေပြီဖြစ်ပြီး ပြီးခဲ့သည့်နှစ်များအတွင်းစွမ်း ဆောင်ခဲ့သည်များကို မှီရန်ကြိုးစားဖို့လိုအပ် လာပြီဖြစ်သည်။

ထို့အတွက်ကြောင့် ရွန်းနီမှာ ကလပ် အသင်းနှင့် လက်ရွေးစင်အသင်းအတွက် ထိုက်တန်သူတစ်ယောက်ဖြစ်သင့်ပါရဲ့လား ဟု မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

သူ သည် အသင်းအတွက် ဂိုးသွင်းနေဆဲပင်။ သူ၏သွင်းဂိုးများက အင်္ဂလန်လက်ရွေးစင် အသင်းသမိုင်းတစ်လျှောက်စံချိန်တင်ထား သည့် ဂိုးသွင်းအများဆုံး ကစားသမားဖြစ် ရန် အနည်းငယ်သာလိုတော့သည်။

အင်္ဂလန် အတွက် ၉၉ ပွဲကစားခဲ့ရာတွင် ၄၃ဂိုးသွင်း ယူခဲ့ပြီးဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ ရွန်းနီသည် တစ်ဂိုးသာရရှိအောင်စွမ်းဆောင် နိုင်ခဲ့သည်။

လက်ရှိ ရွန်းနီသည် ပရီးမီးယားလိဂ် ၅ ပွဲတွင် သုံးဂိုးသွင်းယူပေးထားခဲ့ပြီးတစ်ပွဲ တည်းတွင် အသင်းဖော်ဂိုးသွင်းနိုင်ရန် ပံ့ပိုး ပေးနိုင်ပြီး ကိုယ်တိုင်လည်း သွင်းယူနိုင်ခဲ့ သည့် ကစားသမား သုံးဦးအနက်တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။

လက်ရှိခြေစွမ်းက ရွန်း နီအတွက် ကလပ်အသင်းနှင့် လက်ရွေးစင် အသင်းအပေါ် အမှန်တကယ်ပေးဆပ်ခြင်း ရှိ မရှိ သံသယဖြစ်လာသည်။

ဆမ်မာရီနိုနှင့် အက်စ်တိုးနီးယားတို့ နှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး အဆင့် ၂ဝ၉နှင့် ၈၁ တို့တွင် ရှိနေသည့်အသင်းများဖြစ်သည်။ အဆိုပါအသင်းများနှင့် ရင်ဆိုင်ခဲ့ရာတွင် အင်္ဂလန်အသင်းသည် နိုင်ပွဲရယူနိုင်ခဲ့သည်။

တိုက်စစ်မှူးရွန်းနီသည် နှစ်ပွဲစလုံး၌ ကန်သွင်း ခွင့် ၂၁ကြိမ်ရရှိခဲ့သော်လည်း ပင်နယ်တီနှင့် အလွတ်တည်ကန်ဘောတို့မှသာ ဂိုးသွင်းယူ နိုင်ခဲ့ခြင်းဖြစ်သည်။

ကန်သွင်းခွင့်ရရှိသည့် အခွင့်အရေးများထဲမှ ၁၇ကြိမ်ကို ဖြုန်းတီး ပစ်ခဲ့သည့် ရွန်းနီ၏ခြေစွမ်းမှာ အသင်းငယ် လေးများနှင့် ရင်ဆိုင်ချိန်တွင် ပြဿနာမရှိ သော်လည်း အသင်းကြီးများနှင့် ရင်ဆိုင်က စားရမည်ဆိုပါက အင်္ဂလန်အသင်း အလွယ် တကူပင် ရှုံးနိမ့်နိုင်ပေသည်။

ထို့အတွက် ကြောင့် အင်္ဂလန်နည်းပြအနေဖြင့် ရွန်းနီ ကို လက်ရွေးစင်အသင်းတွင် နေရာပေးသင့် မပေးသင့်ကို ပြန်လည်စဉ်းစားရမည့် အချိန် သို့ ရောက်ရှိလာပြီဟု ဆိုရခြင်းပင်။

လက်ရှိအချိန်တွင် ရွန်းနီ၏ ခြေစွမ်းပြ နေချိန်ဟု ဆိုရသော်လည်း ခြေစစ်ပွဲနှစ်ပွဲ တွင် ပြသခဲ့သည့်ခြေစွမ်းအရ အကောင်း ဆုံးကစားသမားတစ်ဦး၏ အရည်အသွေး ပြသနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ အတွေ့အကြုံအား နည်းပြီး လူငယ်ကစားသမားဖြစ်သည့် ချိန် ဘာလင်သည်ပင် အက်စ်တိုးနီးယားနှင့်ပွဲ ၌ ခြေစွမ်းပြနိုင်ခဲ့ကာ ရွန်းနီမှာ ချိန်ဘာလင် လောက်ပင် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ထို့ပြင် ဘောလုံးရရှိသည့်အကြိမ်၏ ၂၉.၄ ရာခိုင်နှုန်းကို ဖြုန်းတီးခဲ့ပြီး ဂိုးသမားပြီး နောက် ဒုတိယအများဆုံးဖြစ်ခဲ့သည်။

ထို့အတူ မန်ယူအသင်းတွင်လည်း ရွန်း နီ၏ စွမ်းဆောင်ရည်မှာ ကျဆင်းလာခဲ့ သည်။ ရွန်းနီသည် ပျှမ်းမျှကစားအား ၇.ဝ၆ အောက် ကျဆင်းခဲ့ပြီး အသင်းကို ရောက်ရှိသည့်နှစ်များထက်ပိုမိုဆိုးရွားလာ ခဲ့သည်။ ပြီးခဲ့သည့်ရာသီက ဖြတ်တင်ဘော ပျှမ်းမျှ ၁.၉ ရှိခဲ့ရာမှ ယခုရာသီတွင် ဝ.၈ အထိ ရှိခဲ့ပြီး ဖျက်ထုတ်နိုင်မှုတွင်လည်း တစ် ပွဲပျှမ်းမျှ ၁.ဝ မှ ဝ.၅အထိရှိလာခဲ့ခြင်းက သူ၏ခြေစွမ်းကျဆင်းမှုကို ပြသနေသည်။

ထို့ပြင် ကြားဖြတ်ဘောလုံးရယူမှုတွင် ၁.ဝ ရှိခဲ့ရာမှ ဝ.၇ အထိ ကျဆင်းခဲ့သော် လည်း ပြစ်ဒဏ်ဘောကျူးလွန်မှုတွင် ပိုမို များပြားလာခဲ့သည်။ ပြီးခဲ့သည့်ရာသီက တစ်ပွဲပျှမ်းမျှ ၁.၁ ရှိခဲ့ရာမှ ၁.၇အထိတိုး တက်လာခဲ့ခြင်းက မလိုအပ်ဘဲ စိတ်ကြီးတတ် သည့် သူ၏ကစားပုံကို ပြသလာခဲ့သည်။

လက်ရှိ မန်ယူနည်းပြဗန်ဟားလ်သည် အ သင်းကိုအလှည့်ကျကစားစေခြင်းဖြင့် ပွဲ ထွက်နေသော်လည်း အင်္ဂလန်အသင်းအ တွက်မူ တိုက်စစ်မှူးရွန်းနီကို များစွာမှီခိုနေ ရသေးသည်။

ဝဲလ်ဘတ်၊ စတာရစ်ခ်ျ၊ စတား လင်းတို့ ခြေစွမ်းပြနေသော်လည်း ရွန်းနီကို ပယ်၍ မရသေးချိန်တွင် လက်ရှိခြေစွမ်းအ ရ သူ၏ခြေစွမ်းမှာ အင်္ဂလန်အသင်းနှင့် မန်ယူအသင်းအတွက် စိုးရိမ်စရာများဖြစ် လာနေသည်မှာတော့ အသေအချာပင်ဖြစ် ပေသည်။

AST

‪Democracytoday‬

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...