
ကျိုက် ခေါက်စေတီတော်၏ (၃၃)ကြိမ် မြောက် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်လိုသူများကို ကျိုက် ခေါက်စေတီတော် ဂေါပကအဖွဲ့မှ ဖိတ်ခေါ်လျက်ရှိကြောင်းသိရသည်။
တန်ဆောင်မုန်းလတွင် ကျင်းပ ပြုလုပ်လေ့ရှိသော မြတ်စွာဘုရားရှင် ကို မသိုးသင်္ကန်းများ ရက်လုပ်ကာ ကပ်လှူသည့်အစဉ်အလာကို ထိန်း သိမ်းသည့်အနေဖြင့် ပွဲကိုကျင်းပခြင်း ဖြစ်ပြီး နှစ်စဉ်ပြိုင်ပွဲဝင်များ ခေါ်ယူ ခြင်းဖြစ်ကြောင်း ကျိုက်ခေါက်စေတီ တော်ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦး မောင်မောင်အေးက ပြောသည်။
''အစဉ်အလာမပျက်စေဖို့နဲ့ မသိုးသင်္ကန်းအတွက် သီးသန့်အဖွဲ့ တွေမရှိတော့ နှစ်စဉ်ပြိုင်ပွဲဝင်လိုတဲ့ သူတွေကို ခေါ်ယူပြီးကျင်းပခဲ့တာပါ'' ဟု ယင်းက ဆက်လက်ပြောသည်။
နှစ်စဉ်မသိုးသင်္ကန်းရက်လုပ် ရန်အတွက် ပြိုင်ပွဲဝင်များခေါ်ယူကာ ပြိုင်ပွဲဝင်ရန် လျှောက်ထားသူများပြား သဖြင့် မဲစနစ်ဖြင့်ပြန်လည်ရွေးချယ် ရပြီး ပြိုင်ပွဲဝင်အဖြစ် အမျိုးသမီးသုံး ဦးသတ်မှတ်ခေါ်ယူကာ အသက်၁၅ နှစ်မှ ၃၅နှစ်ဖြစ်ပြီး အကူအဖွဲ့ဝင် နှစ်ဦးမှာ အသက် ၄ဝ နှစ်အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။
မသိုးသင်္ကန်းရက်လုပ်ရန်အ တွက် ကျိုက်ခေါက်စေတီတော် ရင် ပြင်တော်ပေါ်ရှိ ကျောက်တန်းတန် ဆောင်းတော်မြတ်၌ ယသောဓရာ၊ အမရာ၊ ကိန္နရီ၊ မဒ္ဒီနှင့် သမ္ဘူလဟူ ၍ ရက်ကန်းစင်တော်ကြီးငါးစင်ဖြင့် ယှဉ်ပြိုင် ရက်လုပ်ရမည်ဖြစ်ကြောင်း သိရသည်။
ယင်းရက်လုပ်ထားသောမသိုး သင်္ကန်းများကိုတန်ဆောင်မုန်းလ ပြည့် နိုဝင်ဘာ ၆ရက် နံနက် ၄နာရီ တွင် အာရုံခံလေးသွယ်မှရုပ်ပွားတော် လေးဆူနှင့် ကြေးသွန်းမဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီးတို့ကို ဆက် ကပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း နှင့် ပါဝင်ယှဉ်ပြိုင်လိုသူ အဖွဲ့ခေါင်း ဆောင်နှင့် အဖွဲ့ဝင်များ ကိုယ်တိုင် လိုင်စင်ဓာတ်ပုံ နှစ်ပုံနှင့် ဂေါပကရုံး အဖွဲ့သို့ နိုဝင်ဘာ ၆ရက် နောက်ဆုံး ထား၍ လာရောက်လျှောက်ထား နိုင်ကြောင်းသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅
MTZ
Democracytoday
0 comments:
Post a Comment