Monday, September 8, 2014

သရဲကား ရိုက်မယ့် စံရတီမိုးမြင့်


Living Sound Entertainment မှ ရိုက်ကူးတင်ဆက်မည့် ‘စုန်း’ ရုပ်ရှင်ကားကြီး တွင် ဂျပန်နိုင်ငံကျော် မင်းသားကြီး ဆန်နီချီးပါး အပါအဝင် ဂျပန် မင်းသမီး နှစ်ဦးပါဝင် သရုပ်ဆောင်မှာဖြစ်ပြီး မြန်မာ့အနုပညာရှင်များ အနေနှင့် မို့မို့ မြင့်အောင်၊ အိချောပို၊ စံရတီမိုးမြင့်တို့က ပါဝင်သရုပ်ဆောင်မည်ဟု သိရသည်။
ဇာတ်ကား လက်ခံရိုက်ကူးမှုနှင့် ပတ်သက်ပြီး စံရတီမိုးမြင့်က “ဒီကားက ဂျပန် သရဲကားလို့ ပြောထားတယ်။ ဇာတ်ကောင်နေရာကတော့ ညှိနေတုန်းပါပဲ။ 

ဒီထဲမှာ နာမည်ကြီး ပြည်ပ၊ ပြည်တွင်း သရုပ်ဆောင်တွေ ပါဝင်မှာဆိုတော့ ရင်ခုန်ဖို့ကောင်းမှာပဲ။ ဇာတ်ကားလည်း ကောင်းမှာသေချာပါတယ်။ ညီမက ရိုက်မယ်လို့သာ ပြောတာ ဇာတ်လမ်းလည်း မသိရသေးဘူး။ ညှိနေတုန်းဆို တော့လေ” ဟု ပြောပြခဲ့သည်။ မင်းသမီး တစ်ဦးအနေနှင့်ယခုလို နိုင်ငံတကာက သရုပ်ဆောင်နှင့်အတူ သရုပ်ဆောင်ရမှာ ဆိုတော့ အဝတ်အစားပိုင်း၊ သရုပ် ဆောင်ပိုင်းတွေကို ဘယ်လို စီစဉ်ထားဖို့ရှိပါသလဲလို့ မေးကြည့်တော့ “အဝတ် အစားကတော့ ဇာတ်ပေါ် မူတည်ပြီး ဝတ်ရမယ်။

ပွဲတက်လိုမျိုးဝတ်လို့မှ မရတာ။ ပွဲတက်ဝတ်စုံတောင် သူ့နေရာ သူ့ဒေသနဲ့ လိုက်ဖက်အောင် ဝတ်ရတယ်။ ဒီလိုကားကြီးမှာ ဆိုရင်တော့ အဝတ်အစားကို ဇာတ်ပေါ်မူတည်ပြီး စီစဉ်ရမှာပဲ။ ညီမက အရောင်ဆိုလည်း ကိုယ်နဲ့လိုက်ရင် အကုန်ဝတ်တာပဲ။ သီးသန့် ကြိုက်တဲ့အရောင် မရှိဘူး။ ဗီဒီယိုဇာတ်ကားတွေမှာ ဆိုလည်း ဒီဇိုင်နာနဲ့ ချုပ်တာရှိသလို၊ ရယ်ဒီမိတ်လည်း ဝတ်တယ်။ အိုက်တင်ပိုင်း ကတော့ သေချာလုပ်ရမယ်” ဟု ပြောပြခဲ့ပါသည်။ 

စံရတီမိုးမြင့် က လတ်တလောတွင် ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးသည့် ကျောင်းမြှောင် ဇာတ်ကားမှာ မင်းသွေးနှင့်အတူ ပါဝင်သရုပ်ဆောင်နေကြောင်း သိရပါသည်။

Myanmar News Media

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...