Monday, September 15, 2014

ရီးရဲလ်မှ ရော်နယ်ဒိုကို ပြန်မခေါ်မီ မန်ယူနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ သဘောတူထား


မန်ယူနှင့် ရီးရဲလ်မှ ဘောလုံးကြယ်ပွင့် ရော်နယ်ဒို၏ အေးဂျင့် ဂျော့ခ်ျမန်ဒက်စ် တို့ကြား ဆွေးနွေးခဲ့ပြီးနောက် ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရန် မန်ယူနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ ယေဘုယျ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရ သည်။

မန်ယူအသင်း အမှုဆောင် အရာရှိချုပ် အက်ဝုဒ်ဝါ့ဒ်အား မန်ယူအသင်း ဘုတ် အဖွဲ့က ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရန် ညွှန်ကြားထားပြီး အမှန်တကယ် အထမြောက်နိုင်ရန် ငွေစိတ်ကြိုက် အသုံးခွင့်ပြုထားကြောင်း သိရသည်။

မန်ယူက ရော်နယ်ဒိုကို ၂၀၀၉ ခုနှစ် နွေရာသီက ပေါင်သန်း ၈၀ ဖြင့် ရီးရဲလ်သို့ ရောင်းချခဲ့သည်။ လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် ဖြစ်နိုင်ခြေ ရှိသောခေါ်ယူမှုအတွက် ပေါ်တူဂီ လက်ရွေးစင် ရော်နယ်ဒိုကို မန်ယူက ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းမည်ဖြစ်သည်။ ယင်းအချိန်တွင် ရော်နယ်ဒိုမှာ အသက်(၃၀)နှစ် ရှိမည်ဖြစ်ပြီး ကမ်းလှမ်းမည့် ငွေပမာဏကို ရီးရဲလ် ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ် က လက်ခံဖွယ်ရှိသည်။

ရော်နယ်ဒိုကလည်း အသင်းဟောင်း မန်ယူသို့ တစ်နေ့ပြန်လာလိုကြောင်း ပြောကြားထားသည်။ ရီးရဲလ်အတွက် ပွဲပေါင်း ၂၅၀ ကစားပေးထားပြီး ၂၅၅ ဂိုး သွင်းယူထားသော ရော်နယ်ဒိုသည် ရီးရဲလ်အသင်းကို ဂါရက်ဘေးလ်နှင့် ရိုဒရီဂွတ်ဇ်တို့ ရောက်ရှိလာခြင်းကြောင့် အသင်းအပေါ် ၎င်း၏ လွှမ်းမိုးမှု အရှိန် အ၀ါ လျော့ပါးသွားခဲ့သည်။ ရော်နယ်ဒိုနေရာတွင် အစားထိုးရန် ဥက္ကဋ္ဌပီရက်ဇ်က ချယ်လ်ဆီး အသင်းမှ ဟားဇက်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည်။

AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...