Monday, September 15, 2014

ဆေးဝါးသုံးပြီး အသားအရေတကယ်လှတဲ့သူတွေကို ရွေးတာလား


Mega Lifesciences ကုမ္ပဏီထုတ် ENAT တံဆိပ် မျက်နှာနဲ့အသားအရေထိန်း ဆေးဝါးအတွက် ၂ဝ၁၅ ပြက္ခဒိန်ထုတ်ဖို့ မော်ဒယ် ၁၂ယောက် ရွေးချယ်ပွဲကို စက်တင်ဘာ ၁၄ရက်နေ့က ရန်ကုန်မြို့ Junction Square မှာ ကျင်းပခဲ့ပါတယ်။ မော်ဒယ်ရွေးပွဲ ဘာ့ကြောင့် တကူးတကလုပ်ကြတာလဲ။
အနုပညာလောကထဲ နာမည်ရပြီးသားသူတွေကို မသုံးဘဲ ENAT ဆေးဝါးကို အမှန်တကယ်သုံးစွဲပြီး အနုပညာဝါသနာပါတဲ့ အမျိုးသမီးငယ်တွေအတွက် ရည်ရွယ်ပြီး ၂ဝ၁၅ ပြက္ခဒိန်ရိုက်မှာဖြစ်ပြီး ရွေးချယ်ခံရသူတွေကို ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာ ပြည်ပဓာတ်ပုံဆရာတွေနဲ့ သွားရောက်ရိုက်ကူးမယ်လို့ မတင်ဇာလွင်က ပြောပါတယ်။
ပြက္ခဒိန်မျက်နှာဖုံးမော်ဒယ် ၄ဝအတွက် ရန်ကုန်ကနေ ၂၆ယောက်၊ မန္တလေးကနေ ၁၄ယောက် ယှဉ်ပြိုင်ခဲ့ကြပြီး Facebook Voting ရဲ့ ၃ဝ%၊ ပြိုင်ပွဲက အကဲဖြတ်ဒိုင်လူကြီးတွေရဲ့ ရွေးချယ်မှုက ၅ဝ%နဲ့ ကုမ္ပဏီရဲ့ရွေးချယ်မှုက ၂ဝ%ဖြစ်တယ်လို့ ဆိုပါတယ်။
အကဲဖြတ် ဒိုင်လူကြီးထဲမှာပါဝင်တဲ့ တင်မိုးလွင်က နာမည်ကျော် အနုပညာသမားတွေနဲ့ ကုန်ပစ္စည်းကြော်ငြာတဲ့အခါ ကုန်ပစ္စည်းအရည်အသွေး ကောင်းမွန်ကြောင်း သူတို့က ထောက်ခံပေးနေတဲ့ပုံဖြစ်နေပြီး မျက်နှာသစ်တွေနဲ့ကြော်ငြာတာက သာမန်လူတွေကိုလည်း ဒီလိုလှအောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ အချက်အပြင် ရွက်ပုံးသီးတွေလည်း ထွက်လာနိုင်စေတယ်လို့ ဆိုပါတယ်။
မော်ဒယ်တစ်ယောက်ဖြစ်ချင်ရင် ပရော်ဖက်ရှင်နယ်ဆန်တဲ့ စိတ်ဓာတ်၊ စည်းကမ်းနဲ့ ပညာရှိရမယ်လို့ တင်မိုးလွင်က ဆိုပါတယ်။ ပြိုင်ပွဲအတွေ့အကြုံရှိတဲ့ စုလွင်ဖြိုးကတော့ ဓာတ်ပုံရိုက်ရင် အရေးပါတဲ့ အပြုံးအတွက် မှန်ကြည့်ပြီး သေသေချာချာ လေ့ကျင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူက ဒါရိုက်တာ မောင်မျိုးမင်းရဲ့ သရုပ်ဆောင်သင်တန်းကို တက်ရောက်နေသူလည်းဖြစ်ပါတယ်။
သရုပ်ဆောင် ကိုယ်နေဟန်ထားအပြင် အသားအရေကိုပါ အဓိကဦးစားပေးရွေးချယ်မယ့် မော်ဒယ် ၁၂ယောက်ရဲ့ စာရင်းကိုတော့ စက်တင်ဘာ ၂၅မှာ ထုတ်ပြန်ကြေညာသွားမယ်လို့ ဆိုပါတယ်။
Kamayut

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...