Monday, November 17, 2014

အာဆီယံ စီးပွားရေးဆိုင်ရာ အမြင့်ဆုံးဆုတစ်ခုဖြစ်သည့် လူငယ်စွန့်ဦး တီထွင်ဆု ရရှိခဲ့သော မြန်မာနိုင်ငံမှ Blue Ocean Operating Management ကုမ္ပဏီမှ Corporate Development Manager မသန့်ရတနာနှင့် တွေ့ဆုံခြင်း


- ခင်သက်မွန် တွေ့ဆုံမေးမြန်းသည်။

ဆီယံထိပ်သီး အစည်းအဝေးများနှင့်အတူ ကျင်းပလေ့ရှိသော အာဆီယံအစည်းအဝေး ညီလာခံတွင် ပေးအပ်လေ့ရှိပြီး ယခုလက်ရှိ ကျင်းပပြုလုပ်နေသည့် ရှစ်ကြိမ်မြောက် အာဆီယံ စီးပွားရေးဆိုင်ရာ ဆုပေးပွဲတွင် မြန်မာနိုင်ငံက နိုင်ငံအဆင့်တွင် ခြောက်ဆု၊ အာဆီယံအဆင့်တွင် ခြောက်ဆုတို့ရရှိခဲ့သည်။

အာဆီယံစီးပွားရေးဆိုင်ရာ အမြင့်ဆုံးဆုတစ်ခုဖြစ်သည့် လူငယ်စွန့်ဦးတီထွင်ဆုရရှိခဲ့သော မြန်မာနိုင်ငံမှ Blue Ocean Operating Management ကုမ္ပဏီမှ Corporate Development Manager မသန့်ရတနာနဲ့ ယခုလိုတွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး - အခုလို အာဆီယံစီးပွားရေးဆိုင်ရာ အမြင့်ဆုံး ဆုဖြစ်တဲ့ လူငယ်စွန့်ဦးတီထွင်ဆုနဲ့ ထိုက်တန်တဲ့လုပ် ဆောင်ချက်တွေက ဘာတွေဖြစ်မယ်လို့ထင်လဲ။

ဖြေ - အစ်မတို့ပြိုင်ပွဲဝင်မယ်ဆိုတော့ သူတို့မှာ ခေါင်း စဉ်တွေရှိတယ်။ Young Entrepreneur ဆိုတော့ ဆရာ့အသက်အရွယ်နဲ့ ဆရာ့ရဲ့ Requirement တွေနဲ့ လဲကိုက်တယ်။ နောက်ဆရာလုပ်ခဲ့တာတွေကိုပြန်ကြည့် မယ်ဆိုရင် မြန်မာနိုင်ငံမှာ ပထမဦးဆုံး Call Center ဖွင့်ခဲ့တာတွေ ရှိတယ်။ အဲဒါကြောင့် ဝင်ပြီးတော့ ယှဉ်ပြိုင်ခဲ့တာပါ။ ဥပမာဆိုရင်အစ်မတို့ Call Center က နိုင်ငံခြားတွေမှာတော့ ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ Blue Ocean ကုမ္ပဏီက Call Center ကို ပထမဦး ဆုံးစလုပ်ခဲ့တယ်။ အခြား Service တွေဆိုရင်လည်း အများကြီးရှိတယ်။ ဒီဆုရရှိခဲ့တာက ဒီအချက်အပြင် အခြား Entrepreneur Skill တွေကြောင့်လို့ အစ်မထင် ပါတယ်။

မေး - ဆုရရှိခဲ့တဲ့အပေါ် အစ်မတို့ရဲခံစားချက်လေး ပြောပေးပါဦး။

ဖြေ - ဒါဟာကိုယ့်နိုင်ငံအနေနဲ့ဆိုရင် အာဆီယံမှာ ကိုယ်စားပြုရချင်တာပေါ့နော်။ မြန်မာဆိုတာတော့ ဖြစ် ချင်တာပေါ့နော်။ ပြီးတော့ (Entrepreneur)ဆိုတာ အစ်မတို့မှာ သူများနဲ့မတူအောင် လုပ်တယ်ဆိုတာက နည်းတယ်ပေါ့နော်။ အခုလိုဆုရတဲ့အတွက် အရမ်းကို ဂုဏ်ယူပြီးတော့ ဝမ်းသာပါတယ်။ မြန်မာနိုင်ငံအတွက် လည်းဝမ်းသာရတယ်။

မေး - ဒီဆုက အစ်မတို့ကိုဘယ်လို တွန်းအားတွေဖြစ်စေ ခဲ့လဲ။

ဖြေ - ဘယ်လိုတွန်းအားတွေ ဖြစ်လဲဆိုတော့ အခုဆုက မြန်မာနိုင်ငံအတွင်းမှာတင်မကဘူး။ အာဆီယံ Level နဲ့ယှဉ်ပြိုင်ရမှာတွေ အများကြီးရှိပါတယ်။ အဲဒါတွေအ တွက် အစ်မတို့မှာ တွန်းအားတွေ အများကြီးရှိပါတယ်။

မေး - အစ်မတို့အနေနဲ့ ရှေ့ဆက်ပြီးတော့ လုပ်မယ့်အစီ အစဉ်လေး တွေလဲပြောပြပေးပါဦး။

ဖြေ - ရှေ့ဆက်ပြီးတော့အစ်မတို့ ကုမ္ပဏီအနေနဲ့ ဒီလို ပြိုင်ပွဲတွေမှာ အစ်မတို့ကုမ္ပဏီနဲ့ ကိုက်ညီမယ့်ခေါင်းစဉ် လေးတွေရှိရင်လဲ ဝင်ပြိုင်သွားမယ်ပေါ့။ ဒါဟာ ကုမ္ပဏီ အတွက်လဲကောင်းတယ်။ နိုင်ငံအတွက်လည်း ကောင်း ပါတယ်။ အခုပြိုင်ပွဲမျိုးတွေရှေ့ဆက်ပြီး ပါဝင်ယှဉ်ပြိုင်ဖို့ တွေ ရှိပါတယ်။

မေး - ပြည်သူတွေအတွက် ရှေ့ဆက်ဘာတွေလုပ် ဆောင်သွားဖို့ရှိလဲ။

ဖြေ - အဓိကကတော့ Call Center ပါ။ အဲဒါတွေနဲ့တွဲပြီး တော့ အခြားမြို့တွေမှာလဲ ထပ်လုပ်သွားမယ်။ အစ်မ တို့က Global Complex ရဲ့အဖွဲ့ဝင်လဲဖြစ်တယ်။ CSR လုပ်ငန်းတွေကိုလဲ လုပ်တယ်။ ပြီးတော့ ကုမ္ပဏီကနေ ပြီးတော့ (Profit) တစ်ခုတည်းမဟုတ်ဘဲနဲ့ အလုပ်ခန့် တာဆိုရင်လဲ အစ်မတို့မှာတော့ အတွေ့အကြုံမရှိတဲ့ လူငယ်တွေလည်း ခန့်ပေးတယ်။ ပြီးရင် အတွေ့အကြုံ ရှိတဲ့သူတွေကို ခေါ်ပြီးတော့ သင်ပေးတယ်။ ကုမ္ပဏီ အများစုက အတွေ့အကြုံရှိတဲ့သူတွေကိုပဲ ခန့်ကြတာ များတယ်။ Service အပိုင်းကိုကြည့်မယ်ဆိုရင်လဲ Emergency Hot-line တို့လိုမျိုး ပြည်သူတွေအတွက် အကျိုး ရှိမယ့်အရာတွေကို ရှေ့ဆက်လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။

မေး - အစ်မတို့ကုမ္ပဏီအနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ အပိုင်းတွေကိုလဲ ပြောပြပေးပါ။

ဖြေ - အစ်မတို့ Call Cente က ဖုန်းဆက်ပြီးတော့ မေးလို့ရတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဘယ်ဒေသကမဆို ဖုန်းဆက်မေးလို့ရတယ်။ ဥပမာ- ကျန်းမာရေးဝန်ဆောင် မှုလုပ်ငန်းဆိုရင် ဆေးရုံနဲ့ ဝေးနေတဲ့ဒေသကဆိုရင်ကျန်းမာ ရေးနဲ့ ပတ်သက်ပြီးတော့ ဖုန်းနဲ့ဆက်ပြီးတော့အကြံဥာဏ် တွေ တောင်းလို့ရတယ်။ ဖုန်းဖြစ်တဲ့အတွက် တချို့ကိစ္စ တွေမှာ လူကိုယ်တိုင်လာစရာမလိုဘဲနဲ့ ဖုန်းနဲ့ပဲ လှမ်း မေးလိုက်လို့ ရတာမျိုးတွေ လုပ်ပေးထားတယ်။ အစ်မတို့ ရဲ့ Service ကတော့ တစ်နိုင်ငံလုံးက ပြည်သူတွေအား လုံး သုံးလို့ရပါတယ်။

မေး - ယနေ့ခေတ်လူငယ်တွေကို ပြောချင်တဲ့ စကား လေးပြောပေးပါဦး။

ဖြေ - အခုခေတ်လူငယ်တွေအတွက်က အခွင့်အလမ်း တွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံအတွင်းမှာ ဆိုရင် လဲ ကိုယ်ကြိုက်နှစ်သက်တဲ့ ပညာရပ်တွေကို သင်ယူ နိုင်တယ်။ စီးပွားရေးဆိုရင်လဲ စီးပွားဆိုင်ရာ ပညာ ရပ်တွေ သင်လို့ရတယ်။ အခြားပညာရပ်တွေလဲ အများ ကြီးသင်ယူလို့ရပါတယ်။ အခွင့်အလမ်းတွေကတော့ အများကြီးရှိပါတယ်။ အဲဒါကြောင့် လူငယ်တွေအနေနဲ့ ပညာပဲရှာရှာ အလုပ်အကိုင်အခွင့်အလမ်းပဲဖြစ်ဖြစ် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်လို့ ပြောချင်ပါ တယ်။

ယင်းဆုများအတွက် အာဆီယံဒေသတွင်းကုမ္ပဏီ ငါးရာကျော်က အွန်လိုင်းမှတစ်ဆင့် လျှောက်ထားခဲ့ရာ အရည်အချင်း ပြည့်မီသည့် ကုမ္ပဏီများတွင် မြန်မာ နိုင်ငံမှ ကုမ္ပဏီ ၂၆ ခုပါဝင်ပြီး ဖိလစ်ပိုင်နိုင်ငံမှ ကုမ္ပဏီ အများဆုံးပါဝင်ကာဒုတိယအများဆုံးမှာ မြန်မာနိုင်ငံ ဖြစ်ကြောင်းလည်း သိရသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...