Friday, September 19, 2014

မဟာမြိုင်တောအတွင်း မျိုးသုန်းလုနီး မျောက်လွှဲကျော်များကို သုတေသန လုပ်မည်


ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါး အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျောက်လွှဲ ကျော်များ ကျက်စားရာ မဟာမြိုင် ဘေးမဲ့တောတွင်းမှ မျောက်လွှဲကျော်များ၏ ရွှေ့လျားနေထိုင်မှုများကို သုတေသနပြု လေ့လာမည်ဖြစ်သည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဖြစ်သည့် အင်ဒို-မြန်မာ ထိန်းသိမ်းရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်အောင် က ပြောသည်။
ယင်းအဆိုပါပြု ဘေးမဲ့တော အစိတ်အပိုင်းများဖြစ်သော မဟာမြိုင်၊ အင်တိုင်း ကုန်း၊ ပုလ္လင်၊ ဖုန်းသုန်းနှင့် နန့်စပက် စသည့် သစ်တောကြိုးဝိုင်းများမှ မျောက်လွှဲကျော် အများဆုံးနေထိုင်သည့် ကြိုးဝိုင်းသည် မည်သည့် ကြိုးဝိုင်း ဖြစ်သည်ကို သိရှိရန် ဦးစွာဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။

“သူတို့အကြောင်းကိုသိမှ သူတို့ကို ဘယ်လိုထိန်းသိမ်းလို့ ရမလဲဆိုတာ သိမယ် လေ” ဟု ဦးမြင့်အောင် က ပြောသည်။

အဆိုပါ သုတေသန လုပ်ငန်းစဉ်ကို မြို့နယ်သစ်တော ဦးစီးဌာနများ၊ အလောင်းတော် ကဿဖ ဘေးမဲ့တော အုပ်ချုပ်ရေးမှုးနှင့် အင်ဒို-မြန်မာ ထိန်းသိမ်းရေးအဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ယင်းသုတေသန လုပ်ငန်းစဉ်များအပြင် မဟာမြိုင်တောအတွင်းရှိ မျောက်လွှဲ ကျော်များ နေထိုင်နိုင်သည့် အပင်များပါဝင်ဖွဲ့စည်းမှု၊ ပေါက်ရောက်မှု၊ ပေါကြွယ် ဝမှုများ သုတေသနလုပ်ငန်း၊ မဟာမြိုင်တော၏ ရာသီဥတုအလိုက် ရုပ်သွင် ပြောင်းလဲမှု လေ့လာသည့် သုတေသနလုပ်ငန်းများကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သစ်တောဦးစီးဌာနနှင့် အင်ဒို-မြန်မာ ထိန်းသိမ်းရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်မည်ဖြစ် သည်။

ကမ္ဘာပေါ်တွင် အကောင်ရေ ၁၀,၀၀၀ မှ ၅၀,၀၀၀ အတွင်းသာရှိတော့သည့် မျောက်လွှဲကျော်များမှာ အဆိုပါ မဟာမြိုင်တောအတွင်းတွင် အကောင်ရေ လေးထောင်မှ ရှစ်ထောင်ကြားရှိနိုင်သည်ဟု ၂၀၀၄ - ၂၀၀၅ ခုနှစ် သစ်တော ဦးစီးဌာနနှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် ထားသည့် သုတေသန စာရင်းများတွင် ဖော်ပြထားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...