Friday, September 19, 2014

လီဗာပူး၌ အောင်မြင်မှုရလိုပါက ဘာလော့တယ်လီကြိုးစားရဦးမည်


လီဗာပူးတိုက်စစ်မှူး မာရီယို ဘာလော့တယ်လီသည် လီဗာပူးအသင်း၏ ချန်ပီယံလိဂ်အုပ်စု အဖွင့် ပွဲစဉ်ဖြစ်သည့် ဘူဂေးရီးယားချန်ပီယံ လူဒိုဂိုရက်အသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် လီဗာပူးအသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။
အဆိုပါ ဘာလော့တယ်လီ၏ သွင်း ဂိုးသည် မိမိနှင့် ဘာလော့တယ်လီအကြား ဆက်ဆံရေးတင်းမာ မှုကို ပြေလျော့စေမည့် သွင်းဂိုးအဖြစ်သာ လီဗာပူးအသင်းနည်းပြ ဘရန်ဒန် ရော့ဂျာက ယုံကြည်ထားပြီး လူဒိုဂိုရက်အား လီဗာပူးအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံ လိဂ်ပွဲစဉ်တွင် ဘာလော့တယ်လီအနေဖြင့် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သော်လည်း ဘာလော့တယ်လီ၏ အဆိုပါ စွမ်းဆောင်ရည်အား တွားသွားသတ္တဝါ တစ်ကောင်၏ စွမ်းဆောင်ရည်မျှသာဖြစ်ကြောင်း လီဗာပူး အသင်းနည်းပြ ဘရန်ဒန်ရော့ဂျာက သုံးသပ်ထားခဲ့သည်။

ထို့ကြောင့် တိုက်စစ်မှူး ဘာလော့တယ်လီအနေဖြင့် လီဗာပူး၌ အောင်မြင်မှုရလိုပါက ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် ဥရုဂွေး တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၏ စွမ်းဆောင်ရည်ကိုမီအောင် ကြိုးစား ရဦးမည်ဖြစ်ကြောင်း လီဗာပူးအသင်း နည်းပြ ဘရန်ဒန်ရော့ဂျာက ပြောကြားခဲ့သည်။

ထို့ပြင် တိုက်စစ်မှူး ဘာလော့တယ်လီအား လီဗာပူးအသင်း၏ တောက်ပလာမည့် တိုက်စစ်မှူးတစ်ဦး ဖြစ်လာရန် ကြိုးပမ်းသင့်ကြောင်းလည်း နည်းပြဘရန်ဒန်ရော့ဂျာက အကြံပြု ထားသည်။ လူဒိုဂိုရက်နှင့် ပွဲစဉ်တွင် လီဗာပူးအတွက် တစ်ဂိုးသွင်းယူပေးခဲ့သော်လည်း လီဗာပူးအသင်း၏ ကစားဟန်နှင့် အထိုင်ကျရန်မှာ အချိန်လိုအပ်နေသေးကြောင်း ယခင်ကစားခဲ့သည့် မန်စီးတီးအသင်း၊ အေစီမီလန်အသင်း၊ အင်တာမီလန် အသင်းတို့တွင် အကောင်းဆုံးစွမ်း ဆောင်မှုပေးနိုင်ခဲ့ကြောင်း လီဗာပူး အသင်းနည်းပြ ဘရန်ဒန်ရော့ဂျာက သုံးသပ်ထားခဲ့သည်။ ထို့ကြောင့် ဘရန်ဒန်ရော့ဂျာအနေဖြင့်အီတလီလူငယ်ကြယ်ပွင့် ဘာလော့တယ်လီအား ခေါ်ယူရန် မျက်စိကျနေခဲ့ခြင်းဖြစ်ကြောင်းနှင့် တောက်ပလာမည့် လူငယ်ကစားသမားတစ်ဦးအဖြစ် မြင် တွေ့လာလိမ့်မည် ဖြစ်ကြောင်း တိုက်စစ်မှူး ဆွာရက်ဇ်အန်ဖီးလ်နှင့် လမ်းမခွဲမီကာလအတွင်းက ဆွာရက်ဇ်ကို ဘရန်ဒန်ရော့ဂျာက ပြောကြားခဲ့သည်။

တိုက်စစ်မှူး ဘာလော့တယ်လီသည် အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းမှ ပြောင်းရွှေ့ ကြေးပေါင် ၁၆ သန်းဖြင့် ပရီမီယာလိဂ်ကလပ် လီဗာပူးအသင်းသို့ ပြောင်းရွှေ့ လာခဲ့သူဖြစ်ပြီး ကလပ်အသင်း၏ သမိုင်းကို ပြန်ကြည့်တတ်သည့် လူငယ်ကစားသမားတစ်ဦးအဖြစ် နည်းပြဘရန်ဒန်ရော့ဂျာက ရှုမြင်ထားကြောင်းလည်း ဆိုသည်။

(နိုင်လင်းကြည်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...