စက်တင်ဘာ ၁၈ ရက်၊ ၂၀၁၄ ခုနှစ်
သတင်း - ကရင်အမျိုးသား(မီဒီယာ)
ယနေ့နံနက် ၂ နာရီခန့်က မြ၀တီမြို့ ကြံခင်းလမ်းတွင် မြန်မာစစ်တပ်နှင့် DKBA ပစ်ခတ်မှုဖြစ်ပွားရာ DKBA တပ်ရင်း (၉၁၀)မှ ဗိုလ်လင်းနိုင် သေဆုံးပြီး ကျန်တဦးဒဏ်ရာမင်းထန်စွာရရှိပြီး မြ၀တီဆေးရုံ အရေးပေါ်ဌာနတွင် ရောက်ရှိနေသည်ဟု DKBA တပ်မှူးတဦးကပြောသည်။ပစ်ခတ်မှုကို အသေးစိပ်စုံစမ်းမှုများပြုလုပ်နေပြီး လုံးဝလက်မခံနိုင်သည့် ဖြစ်ရပ်ဖြစ်သည်ဟု DKBA တပ်မှူးကြီးတဦးကပြောပြီး မြန်မာအာဏာပိုင်များ ယခုဖြစ်ရပ်ကို ဖြေရှင်းပေးရမည်ဟုဆိုသည်။
ကြံခင်းလမ်းတွင်နေထိုင်သူတဦးက"ဖြစ်တာဟုတ်တယ် ဒီကေဘီအေနဲ့နယ်ခြားစောင့် တပ်ပြည်သူ့စစ် ပူးပေါင်းအဖွဲ့လို့ကြားတယ်"ဟုပြောသည်။
မြ၀တီတွင် နှစ်ရက်ဆက်တိုက် ချိန်ကိုက်မိုင်းတွေ့ရှိပြီးနောက် အာဏာပိုင်များက လုံခြုံရေးကို တိုးမြှင့် ထားသည်ဟု ခရိုင်အဆင့်တာဝန်ရှိသူတဦးက ယမန်နေ့က မီဒီယာသမားများကိုပြောသည်။
ယနေ့ပစ်ခတ်မှုနှင့် ပတ်သက်၍ DKBA မှ တပ်မှူးကြီးတဦးဖြစ်သည့် ဗိုလ်မှူးကြီးကျော်သက်က " ငါ့လူတယောက်သေရင် သူတို့လူဆယ်ရောက်သေရမယ်"ဟု ယနေ့နံနက်ပိုင်းက ပြောဆိုခဲ့သည်။
ချိန်ကိုက်မိုင်းများတွေ့ရှိမှုနှင့်နောက်ဆက်တွဲဖြစ်ရပ်များကြောင့် ပြည်သူများ ကျီးလန့်စာစားဖြစ်နေကြရသည် ဟု မြ၀တီမြီု့ခံများကပြောဆိုနေကြသည်။
ပုံစာ - DKBA တပ်ဖွဲ့ဝင်များ ။
Credit: ကရင်အမျိုးသား- မီဒီယာ
0 comments:
Post a Comment