Monday, September 15, 2014

မန္တလေး တက္ကသိုလ်တွင် ဥပဒေ သရုပ်ပြပွဲ ပြုလုပ်


မန္တလေး တက္ကသိုလ်တွင် နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ဥပဒေ သရုပ်ပြပွဲကို ယခုလ ၁၄ ရက် နံနက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။


အဆိုပါ သရုပ်ပြပွဲတွင် မန္တ လေးမြို့ ရှေ့နေများအသင်းမှ ရှေ့နေများ ပါဝင် သရုပ်ဆောင်ခဲ့ပြီး UNDP ၏ ပံ့ပိုးမှုဖြင့် မန္တလေး တက္ကသိုလ်အတွင်းရှိ အင်းဝ ဆောင်တွင်ပြုလုပ်ခဲ့သည်။ ယင်းသရုပ်ပြပွဲသို့ မန္တလေး တက္ကသိုလ် ဥပဒေဌာနမှ ကျောင်းသူ၊ ကျောင်းသားများ၊ ဥပဒေ ဒီပလိုမာတန်း ကျောင်းသူ၊ ကျောင်းသား များ တက်ရောက်ကြသည်။

ယခုလ ၅ ရက်တွင် မန္တလေး ရတနာပုံ တက္ကသိုလ် ဥပဒေဌာန၌ သရုပ်ပြပွဲ တစ်ခု ပြုလုပ်ပြီးနောက် မန္တလေးတက္ကသိုလ်တွင် ထပ်မံပြုလုပ်ခြင်းဖြစ်ကြောင်း၊ အခြားတက္ကသိုလ်များရှိဥပဒေဌာ နများတွင်လည်း ယင်းကဲ့သို့ တရားစီရင်ရေး သရုပ်ပြပွဲများ ပြုလုပ်ပေးရန် ကမ်းလှမ်းမှုများရှိလာပါက လိုက်လံကူညီပေးသွား မည်ဖြစ်ကြောင်း မန္တလေးမြို့ ရှေ့နေများအသင်းမှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်သန်း (ဆိုင်းတန်း)က ပြောသည်။

‘‘တရားရုံးနဲ့ ဆက်နွှယ်နေတဲ့ ရှေ့နေတွေကတော့ တရားရုံးတွေနဲ့ အကျွမ်း တဝင်ရှိပေမယ့် တက္ကသိုလ်တက်နေဆဲ ကျောင်းသားတွေကိုတော့ တရားရုံး တွေကို ခေါ်လို့မရလို့ အခုလို သရုပ်ပြပွဲတွေလုပ်တာ’’ဟု ဦးခင်မောင်သန်း (ဆိုင်းတန်း)က ပြောသည်။

မန္တလေး တက္ကသိုလ်အတွင်းတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ မပြုလုပ်ဖြစ်ခဲ့ တော့သည့် ယင်းသရုပ်ပြပွဲများကို ယခုအချိန်မှသာ ပြန်လည်ပြုလုပ်ရခြင်းဖြစ်၍ လက်ရှိတက်ရောက်နေဆဲ ဥပဒေ ကျောင်းသားများ အနေဖြင့် စာတွေ့၊ လက်တွေ့များ အသေးစိတ် လေ့လာမှုများ ပြုလုပ်သွားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...