Friday, September 26, 2014

ဆင်းကတ်များကို ညွှန်ကြားသည့်အတိုင်း မရောင်းပါက ကုမ္ပဏီ ပိတ်သိမ်းမည်


၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်

တယ်လီဖုန်း ဆင်းကတ်တွေကို သတ်မှတ်ညွှန်ကြားတဲ့အတိုင်း မရောင်းဘဲ ကိုယ်ကျိုးရှာမှုတွေ လုပ်နေတဲ့ ကုမ္ပဏီနဲ့ ဆိုင်တွေကို ပိတ်သိမ်းတဲ့ အထိ အရေးယူ သွားမယ်လို့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးက ပြောပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ရေးမြို့နယ်အမတ် ဒေါ်မိမြင့်သန်းရဲ့ မေး ခွန်းကို ပြန်လည်ဖြေကြားလိုက်တာပါ။

ဆင်းကတ်တွေကို သတ်မှတ်တန်ဖိုး အတိုင်း မရောင်းဘဲ ငွေဖြည့်ကတ်၊ ဟန်းဆက် စတာတွေနဲ့ တွဲမရောင်းဖို့ သတိပေး ပြောကြားထားပြီး ဆက်လက်ပေါ်ပေါက်နေရင်တော့ အရေးယူ ဆောင်ရွက် မယ်လို့ ပြည်ထောင်စု ဒုဝန်ကြီးက ပြောပါတယ်။

သူက ဆက်လက်ပြီး အမျိုးသား ဆက်သွယ်ရေး အကြံပေး ကော်မတီနဲ့ မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင် ဖွဲ့စည်းဖို့ စီစဉ် ဆောင်ရွက်နေပြီး မကြာခင် အကောင်အထည် ပေါ်လာမယ်လို့ ဆိုပါတယ်။
DVB

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...