Virgin Group အမည်ရ ကုမ္ပဏီဟာ လေကြောင်းလိုင်း အပြင် အခြားသော သယ်ယူပို့ဆောင်ရး လုပ်ငန်း၊ travel, entertainment နဲ့ lifestyle အပြင် health care, food and drink, media နဲ့ telecommunications လုပ်ငန်းတို့ကို လုပ်ကိုင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၅၀ ကျော်မှာ ဝန်ထမ်းပေါင်း ၅သောင်းကျော်နဲ့ လုပ်ကိုင်နေပြီး သူချမှတ်မယ့် အလုပ်သမား ပေါ်လစီ ကတော့ ဝန်ထမ်းတွေကို ရပ်အကန့်အသတ် မရှိ အားလပ်ရပ် ပေးခြင်း ဖြစ်ပါတယ်။
အင်တာဗျူးမှာ တည်ထောင်သူ Richard Branson က ယခုလို ဖြေပါတယ်။ 'ကျနော် ဒီအိုင်ဒီယာကို သမီးလေးဆီကနေ ရတာပါ။ ဝန်ထမ်းတွေကို ကျနော် မတားဆီးထားချင်ပါဘူး။ သူတို့ရဲ့ အလုပ်တာဝန် မပျက်သရွေ့၊ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ဘဝ တိုးတက်မှုကို မဖျက်ဆီးစေတဲ့ သရွေ့ ကတော့ အားလပ်ရက်ယူနိုင် ပါတယ်။ အားလပ်ရပ် ယူဖို့ အတွက် ခွင့်တောင်းစရာလည်း မလိုပါဘူး။ ပြန်လာတာ ကိုလည်း report တင်စရာလည်း မလိုဘူး။ စိတ်ငြီးငွေ့နေရင် ချက်ချင်းထပြန်သွား၊ ပြန်လုပ်ချင်မှ လာခဲ့။ သူ့အတွက် လစာလည်း မပျက်စေရဘူး' လို့ ဖြေပါတယ်။
လက်ရှိမှာ သူဟာ ဗြိတိန်နဲ့ အမေရိကန်မှာ ရှိတဲ့ ဝန်ထမ်း ၁၇၀ ကျော်ကို ယင်း ပေါ်လစီနဲ့ အကျုံးဝင် စေပြီ ဖြစ်ပါတယ်။ တစ်နှစ်မှာ ကိုယ်ကြိုက် သလောက် ခွင့်ယူပေးထားတာ ကတော့ တစ်ကမ္ဘာ လုံးကို အံ့သြစေခဲ့ ပါတယ်။ ဒီအတွက်လည်း ခွင့်မယူနိုင်အောင် တာဝန်တွေ ဇွတ်ပေးမှု လုပ်မှာ မဟုတ်ဘူးလို့ သူဆို ပါတယ်။ ဒါကြောင့်မို့ ကမ္ဘာ့ အလုပ်လုပ်ချင်စရာ အကောင်းဆုံး ကုမ္ပဏီ အဖြစ် Virgin က Google နေရာကို အစားထိုးဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref: Metro, BBC
အောင်ခမ်း (ရိုးရာလေး)
0 comments:
Post a Comment