Sunday, October 19, 2014

ရှေးစေတီဟောင်းဌာပနာမှ ရှေးဟောင်းဘုရားဆင်းတုတော်များ၊ ဓာတ်တော်များ၊ လက်ကောက်၊ လက်စွပ်၊ ပတ္တမြား ကျောက်မျက်မျိုးစုံတွေ့ရှိ






ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာနှင့် သုံးဖာလုံခန့် အကွာရှိရှေးစေတီဟောင်း၌ အောက် တိုဘာ ၁၃ ရက်က နန့်ပုတ်တော ကျောင်း ဆရာတော် ဦးဒေဝိန္ဒနှင့် ရန်အောင်မြင်ဘုရားကြီး အကျိုး ဆောင်များ၊ ကျေး ရွာ ကျောင်းသား ကျောင်းသူ ၅ဝ ကျော်တို့က ချုံနွယ် ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်း ရာတွင် ဆွေးမြည့်နေသော အုတ်မြေ ပုံအချို့ပြိုကျရာမှ ရှေးဘုရားဆင်း တုတော်များ၊ ဘုရား ဓာတ်တော် များ၊ ငွေပုရပိုက်နှင့် သယံဇာတမျိုးစုံ၊လက် ကောက် လက်စွပ်များ၊ ဓာတ်သား၊ ဓာတ်လုံးများကို တွေ့ရှိကြသဖြင့် သက်ဆိုင်ရာသို့တင်ပြထားပြီး စနစ် တကျထားရှိ အပူဇော်ခံလျက်ရှိသည်။

  ရှေးစေတီဟောင်းမှ တွေ့ရှိသည့် နှစ်ကျိပ်ရှစ်ဆူဘုရား၊ လာဘမုနိ မုဒြာဘုရား နှစ်ဆူ၊ ရေအိုင်ကန်နှင့် တွဲလျက် နဂါးရုံဘုရားတစ်ဆူ၊ (ရေ အိုင်ကန်တွင်လိပ်၊ြေ>ွမ၊ ငါးများပါရှိ သည်။) စကျင်ကျောက် ဘူမိဖဿ မုဒြာဘုရားတစ်ဆူ၊ ကြေးဓာတ် သား ဘူမိဖဿမုဒြာဘုရား တစ်ဆူ၊ ကျောင်းဆောင်နှင့် ဘုရားရုပ်တု တော်တစ်ဆူ၊ ဝန်ကြီးရုပ် တုပုံရှစ်ခု၊ မြေသပိတ်ငယ်နှစ်လုံးအတွင်း ထည့် ထားသည့် ဘုရားဓာတ်တော်များ၊ အလျား ၁ဝ လက်မခန့် အနံ ၁ လက်မခွဲခန့်ရှိ ငွေပုရပိုက်တစ်ခု၊ (ငွေ ပုရပိုက်တွင် ရေးသွင်းအမှာစာ ဓမ္မ စကြာတရားတော်ကို ပူဇော် ထားခြင်း ဖြစ်သည်)၊ လက်ကောက်တစ်ရံနှင့် ငွေလက်စွပ် ၁၁ ကွင်း၊ ပတ္တမြား လုံး ချောများ၊ ပတ္တမြားအရိုင်းတုံးလေး များ၊ အရောင်အသွေးစုံ ကျောက် စိမ်းအတုံး အစလေးများ၊ အမြုတေ မျိုးစုံနှင့် စလင်းကျောက်များ၊ ရွှေဖြင့် မွမ်းမံသော တံခွန်ကုက္ကားနှစ်ခု၊ စာတန်းပါရှိသော ရှစ်ထောင့်ပြား တစ်ခု၊ အဂ္ဂိရတ်ဓာတ်သားများ၊ ဓာတ် လုံးများ ပါဝင်ကြသည်။

  ရှေးစေတီဟောင်း၏ မြေဝင် အုတ်မြစ်တွင် အရပ်လေးမျက်နှာ၌ အုတ်လှေကား အဆင့်ဆင့် လျှောက် လမ်းအရှည်ဖြင့် ထူးခြားစွာ ပြုလုပ် ထားခြင်းကို တွေ့ ရသည်။ ရှေးစေတီ ဟောင်းနှင့် ဌာပနာများကို မည်ကဲ့သို့ ဆက်လက်ဆောင်ရွက် မည်ကို မေး မြန်းစေ့ငုရာ စေတီတော်ဟောင်းကို ပြန်လည်ငုံ၍ တည်မည်ဖြစ်ကြောင်း တောကျောင်း ဆရာတော် ဦးဒေဝိန္ဒ က ပြောကြားသည်။

မိုးညှင်း အောက်တိုဘာ ၁၈

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...