ရန်ကုန်-အောက်တိုဘာ(၆)
၂၀၁၄ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဒိုင်းဆုရရှိခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ရုံး၌ ကျင်းပရာ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အားကစား အောင်နိုင်ရေးအဖွဲ့ နာယက ဒေါ်ခင်သက်ဌေးက အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး ဘောလုံးအသင်းအား နေ့လယ်စာဖြင့် ဂုဏ်ပြုတည်ခင်းဧည့်ခံသည်။ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းသည် ပထမတံခွန်စိုက်ဒိုင်းဆု ရရှိခဲ့သည့်အပြင် ရှေ့တန်း အကောင်းဆုံး ကစားသမားဆုအဖြစ် ကျောနံပါတ်(၁၀) မခိုင်မာဦး၊ ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားဆု အဖြစ် ကျောနံပါတ်(၆) မဇင်မာထွန်းတို့က ရရှိခဲ့ကြသည်။
၂၀၁၄ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲကို စက်တင်ဘာ(၁၄)ရက်မှ အောက်တို ဘာ (၄)ရက်ထိ မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပခဲ့ပြီး ပထမတံခွန်စိုက်ဒိုင်းဆုအား ရန်ကုန်တိုင်း ဒေသ ကြီး၊ ဒုတိယဆုအား မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုအား ဧရာဝတီတိုင်းဒေသကြီးတို့က ရရှိခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment