မြန်မာနိုင်ငံဟာ ကမ္ဘာမှာ လက်နက်ကိုင်အဖွဲ့အစည်းအများဆုံးနိုင်ငံ
ဖြစ်ပါတယ်။ ဒီအချက်ဟာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံသစ်
ထူထောင်ရာမှာ ကြီးမားတဲ့ အဟန့်အတန်းတစ်ခုဖြစ်နေပါတယ်။
တစ်ခြား အဖွဲ့အစည်းတွေ အကြောင်း ကျွန်တော်သိပ်မသိပါဘူး။ ဒါပေမယ့်
ကျွန်တော် ကျင်လည်အမှု ထမ်းခဲ့တဲ့ KIA အဖွဲ့အကြောင်းတော့
ကောင်းကောင်းသိပါတယ်။ အထူးသဖြင့် KIA ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာအကြောင်း ဆိုရင် ပိုပြီးတော့တောင် သိပါေ သးတယ်။
အစိုးရတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာဒေသတွေမှာတော့ KIA ခေါင်းေ ဆာင်ကြီးတွေ ကချင်လူထုကို စည်းရုံး ပြီးပြောပြောနေတဲ့``တိုင်းရင်းသားဆို
ဖိနှိပ်တယ်၊ နှိမ့်ချဆက်ဆံတယ်၊ ငါတို့ တိုင်းရင်းသားတွေ ဘာမှအခွင့်
အရေးမရှိဘူး´´ဆိုတဲ့ စကားတွေဟာ လက်တွေ့ ဖြစ်ပျက်နေတာေ
တွနဲ့ကွာခြားနေပါတယ်၊။ ဒီလိုမှိုင်းတိုက်နေ တဲ့ KIA ဆိုတာ
နိုင်ငံတစ်နိုင်ငံမှာ ရှိသင့်တဲ့ တရားဝင်လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်တဲ့
လက်နက် ကိုင်အဖွဲ့ဖြစ်နေလို့ပါပဲ။
စစ်ဖြစ်နေတော့
အစိုးရတပ်တွေ လုံခြုံရေးယူထားရတာကြောင့် တံတားဖောက်ခွဲတာ၊
မိုင်းထောင်တာတွေကို KIA အဖွဲ့က လုပ်နေတာဖြစ်လို့ လုံခြုံရေးအရ
သေချာစစ်ဆေးတာ၊ မေးမြန်းတာ၊ အရေးယူတာတွေရှိပါတယ်။ ဒါဟာတိုင်းရင်းသားဆိုပြီး
ဖိနှိပ်တာ၊ နှိမ့်ချဆက်တံတာမဟုတ်ပါဘူး၊ အဓိကအချက်ကတော့ နယ်မြေဒေသ မအေးချမ်းတဲ့တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ဖြစ်နေတာကြောင့်ပါ။
KIA ခေါင်းဆောင်ကြီးတွေရဲ့ မှိုင်းတိုက်စကား ကြောင့်ဒေသခံတွေဟာ
ယနေ့အချိန်ထိပစ္စည်းမွဲ၊ ပညာမဲ့လူတန်းစားဘ၀ကနေ ရုန်းမထွက်နိုင်ေ သးတာ
ဖြစ်ပါ တယ်။
တကယ်တော့ လိုင်ဇာမြို့နဲ့ KIO/KIA
ထိန်းချုပ်ဒေသ ပတ်ဝန်းကျင်တွေဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံး
ဒေသတွေပါ။ ဒေသခံတွေခမျာ စာကောင်းကောင်းမသင်ရတော့
ဆင်ခြင်တွေးတောနိုင်စွမ်းမရှိဘဲ ခေါင်းဆောင် ကြီးတွေရဲ့ စကားကို
ဘုရားစကားအလားယုံမှတ်ပြီး KIA ထဲဝင်စစ်မှု ထမ်း၊ နောက်ဆုံးတော့ ပြည်နယ်အတွက်
မဟုတ်ဘဲ ခေါင်းဆောင်ကြီးတွေရဲ့ အာဏာနဲ့ အကျိုးစီပွားကို
ကာကွယ်ပေးရင်းသေကြရပါတယ်။
ပြည်နယ် ကတော့ ဒီတိုက်ပွဲတွေရဲ့
အကျိုးဆက်ကြောင့် ဒုံရင်းကဒုံရင်းပါပဲ။ ခေါင်းဆောင်ကြီးတွေက ပြည်နယ်အတွက်
ဆိုပြီးစကားပြောမယ်၊ ပြည်သူတွေက နားယောင်ပြီး သူတို့အတွက်တိုက်မယ်။
ဒီလိုနဲ့ တစ်ပတ်ပြီးတစ်ပတ်လည် ပြီး ပြည်နယ်က ဖွတ်ဖွတ်ကြေပါတော့မယ်။
ကျွန်တော်ပြောချင်တာက ၂၁ ရာစု IT ခေတ်ကြီးထဲမှာ ဒေသခံ ပြည်သူတွေ
မျက်လုံးဖွင့်၊ နားပွင့်ဖြစ်ချိန်တန်ပြီဆိုတာပါပဲ။
လိုင်ဇာပတ်ဝန်းကျင်နဲ့ KIA ထိန်းချုပ်ဒေသက ပြည်သူတွေဟာ သနားစရာ အလွန်ကောင်းပါတယ်။ စာသင် ကျောင်းတွေလည်းကောင်းကောင်းမရှိ၊
အသိဥာဏ်လဲမဖွံ့ဖြိုး ဗဟုသုတလည်းမရှိ၊ ခေါင်းဆောင်ကြီးတွေ ပြောတဲ့ စကားတွေ၊
မိန့်ခွန်းတွေကိုပဲ ဘုရားသခင်ရဲ့ စကားအလား အထင်တကြီးနဲ့
ယုံကြည်နေကြရရှာတာပါ။
လိုင်ဇာမြို့က ကျောင်းဆိုတာကလဲ
တခြားမြို့ကြီးတွေက ကျောင်းတွေလို အသိအမြင် ဗဟုသုတကြွယ်ဝစေ မယ့် ပညာရပ်တွေ
မသင်ကြားပေးဘဲ အဆင့်မမီတဲ့ သင်ရိုးတွေကိုသာ သင်ရပါတယ်။
ခေါင်းဆောင်ကြီးတွေရဲ့ ဥစ္စာဓနနဲ့ အာဏာကို ကာကွယ်ပေးမယ့် စစ်သည်တွေ၊
ရဲမေဖြစ်လာဖို့အတွက် သာ နားသွင်းသင်ကြားပေးနေတဲ့
ပညာရေးစနစ်နဲ့ကျောင်းဖြစ်ပါ
တယ်။ ဒေသခံ လူငယ်လူရွယ်တွေသာ တခြားမြို့များက လူငယ်များနည်းတူ ကျောင်းကော
င်းကောင်းတက်ရမယ်ဆိုရင် ဘွဲ့ရပညာတတ်ဆရာဝန်၊ အင်ဂျင်နီယာ များ
ဖြစ်လာနိုင်ပါတယ်။ အခုတော့ လူငယ်တွေရဲ့ဘ၀ဟာ KIO/KIA ခေါင်းေ
ဆာင်ကြီးတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေရတာနဲ့ သူတို့ရဲ့ အနာဂတ်မဲ့လှ
ပါတယ်ဗျာ။
ဒါပေမယ့် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားဆိုရင် ၂၀၁၀
လောက်က သူသား ကို မြစ်ကြီးနားမှာ ကျောင်းထားတယ်၊ တိုက်ပွဲတွေဖြစ်လို့သာ
ပြန်ခေါ်ထားခဲ့တာ။ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်ဆိုရင်လည်း သူ့သားသမီးတွေကို ထိုင်းမှာပညာသင်ခိုင်းပြီးအဲဒီမှာပဲ နေခိုင်းတာ။
ထူးခြားတာကတော့လိုင်းဇာကျောင်းမှာ သူတို့ သားသမီးတွေ ကို ကျောင်းမထား တာပါပဲ။ ဒေသခံပြည်သူတွေအတွက်လား၊ သူတို့အတွက်လားဆိုတာ အဖြေ ကရှင်းနေပါပြီ။
KIO/KIA အတွင်းရေးများ အပိုင်း(၂)အား ဆက်လက်ဖော်ပြပါမည်။
Monday, October 20, 2014
ဘရန်စန်အောင်
Kachin Daily News
0 comments:
Post a Comment