Monday, October 20, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အီတလီထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ



ရန်ကုန်၊ အောက်တိုဘာ ၁၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် အောက်တိုဘာ ၁၉ရက် ဒေသစံ တော်ချိန် နံနက် ၁ဝနာရီခန့်တွင် တုရင်မြို့တော်ခန်းမရှိ ပလာဆိုချီဗီ ကို၌ကျင်းပသော အီတလီထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ ဆုံပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တု ရင်မြို့တော်ဝန် မစ္စတာဖက်စီနိုနှင့် အတူ အီတလီစီးပွားရေးလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌနှင့် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ၄၉ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။

ေေေ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မ တက မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုတူး ဖော်ရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော် ရေးလုပ်ငန်း၊ စွမ်းအင်ကဏ္ဍ၊ ဆက် သွယ်ရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်း၊ သစ်နှင့် အချောထည်လုပ်ငန်း၊ ငွေ ကြေးနှင့် ဘဏ်လုပ်ငန်းများ အစရှိ သည့် နယ်ပယ်များတွင် ရင်းနှီးမြှုပ် နှံနိုင်မည့် အခွင့်အရေးများနှင့်ပတ် သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အီတလီစီးပွားရေးလုပ်ငန်းရှင် များကိုယ်စား တာဝန်ရှိသူများက လည်း မြန်မာနိုင်ငံ၏ လက်ရှိစီးပွား ရေးအခြေအနေနှင့်ပတ်သက်ပြီး အ ခွင့်အလမ်းနှင့် စိန်ခေါ်မှုများ၊ အသေး စားနှင့်အလတ်စား စက်မှုလုပ်ငန်း များဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် များ၊ အီတလီလုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းနယ်ပယ်များနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အတွက် နည်း လမ်းများကို ပြန်လည်ဆွေးနွေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်
‪Democracytoday‬

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...