အဆိုတော် Rဇာနည်နှင့် ဝမ်းတို့ရဲ့The Lace ဆိုင်ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ၊ ၂၈ရက်နေ့၊ နံနက် ၁၁နာရီမှ ၂နာရီထိ ကျင်းပခဲ့ပါတယ်။ အဆိုပါ ဆိုင်ဖွင့်ပွဲကို ရုပ်ရှင်နဲ့ ဂီတမှ အနုပညာရှင်များနှင့် စာနယ်ဇင်းမီဒီယာများ စုံလင်စွာဖြင့် တက်ရောက်ခဲ့ကြပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ်၇၊ ဆရာစံလမ်း၊ YKKO ကြေးအိုး ရှေ့မျက်နှာချင်းဆိုင်မှာ ဖွင့်လှစ်ထား ပါတယ်။ The Lace ဆိုင်နဲ့ပတ်သက်ပြီး သိလိုသမျှတွေကိုမေးဖြစ်ခဲ့တာကတော့
အစ်မဒီဆိုင်လေးကို ဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက်က အစ်မက ဇာတွေကို အရမ်းကြိုက်တယ်။ ကိုယ်ကိုတိုင်ကလည်း ဇာတွေကိုအရမ်းကြိုက်တာကြောင့် တစ်ခြားအစ်မလိုမျိုး ဇာကြိုက်နှစ် သက်သူတွေလည်း ဝယ်လို့ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ဖွင့်ဖြစ်ခဲ့တာပါ။
ဇာနဲ့ပတ်သက်ပြီး ဈေးနှုန်းသတ်မှတ်ချက်တွေ ရှိရင်ပြောပြပေးပါ။
ဈေးကအမျိုးစုံရှိပါတယ်။ ထသွားထလာ ဝတ်ချင်သူ၊ ပွဲအလယ်အလတ် သွားချင်သူတို့၊ ပွဲအကြီးစားတွေ ဆိုလည်း အဲဒီလို ပွဲအမျိုးအစားပေါ် မူတည်ပြီးတော့ ဈေးအမျိုးအစား ပြောင်းလဲတာပေါ့။
The Lace ဆိုင်မှာရရှိနိုင်တဲ့ ဇာတွေက ဘယ်နိုင်ငံကနေ မှာယူတင်သွင်းထားတာပါလဲ။
ဇာတွေက ပြင်သစ်၊ ဆွတ်ဇာလန်၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ကိုရီးယားနိုင်ငံကနေ အဓိကတင်သွင်း ထားတာပါ။ အစ်မကိုယ်တိုင်ပဲ ရွေးချယ်ပြီးတော့ တင်သွင်းထားတာပါ။
တစ်ခြားဆိုင်နဲ့ မတူညီတဲ့ ဇာမျိုးတွေ ရောရရှိနိုင်ပါသလား။
တစ်ခြားဆိုင်နဲ့ တူ၊မတူဆိုတာတော့ အစ်မလည်းမသိပါဘူး။ အစ်မတစ်ခြားဆိုင်တွေမှာ ဘယ်လိုတွေရှိတယ်ဆိုတာ ကို သိပ်မလေ့လာတော့ မသိပါဘူး။ သေချာတာတစ်ခုကတော့ အစ်မဆိုင်ကို ဇာနဲ့ပတ်သက်လာရင် တော်တော်ကို စုံစုံလင်လင်လေးဖြစ်အောင်လို့ တင်ပေး ထားပါတယ်။
The Lace ဆိုင်က အစ်မတစ်ယောက်တည်း ဖွင့်ဖြစ်ခဲ့တာလား။
အစ်မရယ်၊ အစ်မရဲ့အစ်မရယ်၊ ညီမလေးရယ် ဆိုတော့ အဓိက အစ်မတို့ ညီအစ်မ သုံးယောက်လုံး ကိုယ်တိုင် ဦးစီးပြီး ဖွင့်လှစ်ထားတာပါ။
အစ်မကိုယ်တိုင်က ဖက်ရှင်ဝါသနာပါတဲ့ သူတစ်ယောက်ဖြစ်လို့ ဆိုင်ဖွင့်ဖြစ်တာပါဆိုရင်ရော မှန်ပါသလား။
အင်း။ ဟုတ်ပါတယ်။ အစ်မကဖက်ရှင်ကိုဝါသနာပါတဲ့သူတစ်ယောက်ပါ။ အဲဒီလိုဝါသနာပါလို့ လည်းဖွင့်ဖြစ်တာပေါ့။
The Lace ဆိုပြီးနာမည်ပေးဖြစ်ပုံလေးပြောပြပေးပါအုံး။
The Lace လို့ ဘာလို့ပေးတာလဲဆိုရင် Lace ကဇာ။ ဇာနဲ့ပတ်သက်ရင်The ထည့်လိုက်တဲ့ အဓိပ္ပာယ်က ပိုပြီးလေးနက်သွားတယ်။ အများဆိုင်မဟုတ်ပဲ၊ တစ်ဦးဆိုင်နာမည်ပေါ့နော်။ The ဆိုတာက Lace ကို လေးနက်အောင် လုပ်လိုက်တဲ့ သဘောပါ။
The Lace ဆိုင်နဲ့ပတ်သက်ပြီး promotion အစီအစဉ်တွေလုပ်ဖို့ရှိပါသလား-
အခုကမိုးတွင်းကြီးဖြစ်နေတယ်လေ။ အစ်မအနေနဲ့ ဆိုင်ဖွင့်ပွဲအတွက် ဆိုပြီးတော့ promotion အစီအစဉ်လုပ်ဖို့ စဉ်စားထား တာရှိပါတယ်။ မိုးကုန်တာနဲ့ လုပ်သွားမှာပါ။



0 comments:
Post a Comment