ကေအိုင်အေ တပ်ဖွဲ့ ဝင်များသည် မိုးကောင်းမြို့ နယ်၊ကံလှကျေးရွာ၊လီဒိုကျေးရွာမှ ရွားသား ၁ ဦးကိုလည်းကောင်း ၊ မရမ်းကျေးရွာနေ တောင်ယာလုပ်ငန်းလုပ်ကိုင်းနေသော ရွာသား ၃ ဦးကို လည်းကောင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိပါသည်။
နမ္မတီးကျေးရွာရပ်ကွက်နေ ဦးဖော်လုယော်ထုံ ၏ သားဖြစ်သူ မောင်ဘရန်လီ (အသက် ၁၆ နှစ်)ကိုလည်း သီတင်းကျွတ်ကာလ ရပ်ကွက်အတွင်း ဆော့ကစားနေစဉ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ပြန်လည်စေ လွတ်ပေးခြင်း မရှိသေးသည့်အပေါ် မိဘဖြစ်သူများမှ
“ ကျွန်တော်တို့ လည်း ကလေးက ပြန်မလာမလာနဲ့  စိတ်ပူတော့လိုက်ရှာတယ် နောက်မှကေအိုင်အေ တပ်ရင်းတွေက ခေါ်သွားတယ်ဆိုတာ သိရတယ် ။ ခုလိုခဏ ခဏ ဖမ်းဖမ်းသွားတတ်တာ သိနေတော့ အသွားအလာတွေ ဂရုစိုက်ဖို့  သေချာလည်း သားကို မှာထားတယ်။ သီတင်းကျွတ်ဆိုတော့ သူလည်း ပျော်ချင်မှာပေါ့ ဆိုပြီး လွတ်ပေးလိုက်မိတာပါဗျာ ။ ကလေးက အသက်လည်းမပြည့်သေးလို့  ပြန်ပေးပါလို့ ဆက်သွယ်ပြီတောင်းထားတာ ခုထိ လွတ်မပေးသေးဖူး “ လို့ ဖခင်ဖြစ်သူက ပြောခဲ့ပါတယ်။
ယခုလည်း မိုးကောင်းမြို့ နယ်၊ကံလှကျေးရွာ၊လီဒိုကျေးရွာတို့ မှ ခေါင်တောင်း ၊မောင်ခွန်ထော်အောင်၊ မောင်ဘောက်နော် နှင့် မောင်ဂျိမ်းဖ်ာဝန် (ခ)ဆိုင်အောင် တို့ အား အဓမ္မထပ်မံ ဖမ်းဆီး သွားခဲ့ ပါတယ်။ မောင်ဂျိန်ဖော်ဝန်(ခ)ဆိုင်အောင် ၏ မိခင်ဖြစ်သူဒေါ်ကျသင်းနုမှာ အသက်အရွယ်ကြီး ရင့်နေပြီး ဖြစ်ကြောင်း သိရှိရပါတယ်။
“ အမေကြီးက အသက်လည်းကြီး ယောကျာင်္းကလည်း မရှိဘူး ၊ သားဖြစ်တဲ့သူကိုဘဲ အားကိုးနေရတာ မျက်လုံးကလည်း ကောင်းကောင်းမမြင်ရတော့ဖူး ဒါကြောင့် ပြန်လွတ်ပေးဖို့ ကေအိုင်အေ အဖွဲ့  တွေ ကိုတောင်းခံထားပါတယ်လို့ ” ဒေသခံတစ်ဦးကပြောခဲ့ပါတယ်။
ယင်းကဲ့သို့ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ အဓမ္မလူသစ်စုဆောင်းခြင်း မကြာခဏပြုလုပ်နေခြင်း ကြောင့် ဒေသခံများမှာ အထူးပင် စိုးရိမ်ပူပန်လျက်ရှိကြောင်းသတင်းရရှိခဲ့ပါသည်။
ဘရန်ဆိုင်း
မြစ်ကြီးနား
0 comments:
Post a Comment