လူတစ်ယောက်က ကိုယ့်ကိုဘယ်လောက်သစ္စာရှိပါတယ်
ပြောပြော တစ်နေ့ကျရင်မထားခဲ့နိုင်ဘူးလို့တရာသေ
တွက်ထားလို့မရပါဘူး...
လူတစ်ယောက်က ကိုယ့်ကိုဘယ်လောက်ပဲတန်ဖိုးထားပါတယ်
ပြောပြော တစ်ချိန်ချိန်ကြရင်အနားကနေမထွက်ခွါသွားပါဘူးလို့
မပြောနိုင်ဘူး...
ကိုယ်မရှိရင်မနေနိုင်ပါဘူးလို့ ဘယ်လိုမျိုးပဲပြောနေပါစေ
ကိုယ့်ထက်ကောင်းမယ်လို့ထင်တဲ့လူ ကိုယ့်ထက်စိတ်ချမ်းသာ
မယ်လို့ထင်တဲ့လူတွေ့တဲ့အခါ ကိုယ့်ကိုလက်မလွှတ်နိုင်ဘူးလို့
ပြောလို့မရပါဘူး...
ခေါင်းတစ်လုံး လက်နှစ်ဖက်ခြေနှစ်ဖက်နှလုံးသားခြင်းဘယ်လိုပဲ
ထပ်တူကျပါတယ်ပြောပြော လူစိတ်ဆိုတာခန့်မှန်းရခက်တယ်လေ...
အဲဒါကြောင့် လူတစ်ယောက်ကိုအရမ်းကြီးမမျှော်လင့်ပါနဲ့
အရမ်းကြီးလဲ တန်ဖိုးမထားမိပါစေနဲ့...
ဘ၀တစ်ခုရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်လဲမသတ်မှတ်မိပါစေနဲ့
ကိုယ်မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာခဲ့ရင် အရင်ဆုံးနာကျင်
ရမှာက ကိုယ်ပါပဲ...
Phoe Phyu (Poem)
Wednesday, August 13, 2014
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment