Friday, October 17, 2014

ပူတာအိုဒေသ ထိုင်းရဟတ်ယာဉ်မတော်တဆမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးတော့မည်




 ပျောက်ဆုံးသွားသော တောင်တက် သမားနှစ်ဦးအား ရှာဖွေရာတွင် ဖြစ်ပွားခဲ့ သည့် ရဟတ်ယာဉ်မတော်တဆမှု အကြောင်းရင်းကို လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှဦးဆောင်ကာ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်သွား မည်ဟုသိရသည်။


လက်ရှိတွင် အဆိုပါရဟတ်ယာဉ်နှင့် ပတ် သက်သော အချက်အလက်များ စုဆောင်းထား ပြီး အဆိုပါရဟတ်ယာဉ်အား ထုတ်လုပ်သည့် ပြင်သစ်ကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

''ရဟတ်ယာဉ် မတော်တဆဖြစ်တာက မြန်မာပိုင်နက်ထဲမှာ ဖြစ်သွားပေမယ့် ထိုင်းေ ကြောင်းဦးစီး မှတ်ပုံတင်ထားတာ ဖြစ်တဲ့အ တွက် ထိုင်းနဲ့ပူးပေါင်းပြီး ပျက်ကျရတဲ့အ ကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရတာပါ''ဟု လေကြောင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုး သန့်က ပြောသည်။

အဆိုပါရဟတ်ယာဉ် ပျက်ကျရသည့် အ ကြောင်းရင်းအား လတ်တလောတွင် ထုတ်ပြန် ကြေညာခြင်း ပြုဦးမည်မဟုတ်ဘဲ သက်ဆိုင် ရာ လေကြောင်းထိန်း သိမ်း ညွှန်ကြားရေးအဖွဲ့ အစည်းများ၊ ပညာရှင်များ၏ သုံးသပ်ချက်များ သာ အတည်ဖြစ်ပါလိမ့်မည်ဟု ထူးဖောင်ဒေး ရှင်း၏နာယက ဦးတေဇက ၄င်း၏လူမှု ကွန် ရက်စာမျက်နှာပေါ်တွင် ကြေညာချက် ထုတ် ပြန်ထားသည်။

အဆိုပါရဟတ်ယာဉ် မတော်တဆမှုဖြစ် စဉ်ကြောင့် အသက်သေဆုံးခဲ့ရသည့် မြန်မာ့ တပ်မတော်(လေ)မှ နည်းပြဦးအောင်မြတ်တိုး နှင့်ပတ်သက်၍လည်း ကျန်ရှိနေသော ၄င်း၏ မိသားစုအား ရာသက်ပန်တာဝန်ယူသွားမည် ဟုလည်း ထူးဖောင်ဒေးရှင်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တရားဝင် ကတိပေးပြော ကြားမှု ပြုလုပ်ခဲ့သည်။

  ပျောက်ဆုံးနေသော တောင်တက်သမား နှစ်ဦးအား ကယ်ဆယ်ရန် ထိုင်းနိုင်ငံမှြ၎ ရဟတ်ယာဉ်နှင့်အတူ ထိုင်းနိုင်ငံမှ ရဟတ်ယာဉ် မှူးတစ်ဦး၊ မြန်မာ့တပ်မတော် (လေ)မှ နည်းပြ တစ်ဦးနှင့် ဒေသခံတစ်ဦးတို့ စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ မိနစ်၂ဝခန့်တွင် ပူတာအို မှ စတင်ထွက်ခွာခဲ့သည်။
  လေနယ်နိမိတ် အမြင့်ပေ ၆ဝဝဝ အတွင်း ပျံသန်းနေစဉ် ဆိုးရွားသောရာသီဥတု အခြေ အနေနှင့် ကြုံတွေ့ခဲ့ရပြီး မောင်းနှင်ချိန် မိနစ် ၂ဝ အကြာတွင် ထိန်းချုပ်ရေးတာဝါနှင့် အ ဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံး သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါရဟတ်ယာဉ် မတော်တဆဖြစ် မှုကြောင့် ယာဉ်ပေါ် လိုက်ပါလာသူ သုံးဦး အနက် တစ်ဦးသေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာ အနည်းငယ်ရရှိခဲ့ ကြောင်း သိရသည်။

Friday, October 17, 2014
YangonMediaGroup

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...