Thursday, October 9, 2014

ဂုဏ်သိက္ခာရှိသော တိုင်းပြည်နဲ့ ဂုဏ်သိက္ခာရှိသော နိုင်ငံသား


Thursday, October 9, 2014

ကမ္ဘာ့အလယ်မှာတိုင်းပြည်တိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ တိုင်းပြည်ဖြစ်ချင်ပါတယ်။ အဲဒီတိုင်းပြည်မှာ မှီတင်းနေထိုင်တဲ့ နိုင်ငံသားတွေဟာလည်း ဂုဏ်သိက္ခာရှိတဲ့ လူမျိုးအဖြစ် ရပ်တည်လိုပါတယ်။ တိုင်းပြည်တစ်ပြည်ဟာ တခြား တစ်ပါးသော တိုင်းပြည်များ အ လယ်မှာ ဂုဏ်သိက္ခာမဲ့နေတယ်ဆိုရင် ဘယ်သူ့မှာ တာဝန်အရှိ ဆုံးပါလဲ။ အဲဒါကြောင့် ဂုဏ်သိက္ခာကျဆင်းနေတဲ့ တိုင်းပြည် မှာ နေထိုင်နေတဲ့ နိုင်ငံသားတွေ လည်း မျက်နှာငယ်ရပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်ပြီး စီမံခန့် ခွဲနေတဲ့ အစိုးရမကောင်းရင် အဲ သလို တိုင်းပြည်ဟာ ရေရှည်မှာ ဂုဏ်သိက္ခာမဲ့ရတဲ့ အဖြစ်ကို ရင် ဆိုင်ရပါတယ်။ရှေးဗမာဆိုရိုးစကားအတိုင်း ပြောရရင်တော့ အုပ်ချုပ်တဲ့မင်း က တရားသောမင်း၊ တရားသော အစိုးရမဟုတ်ရင် အဲဒီတိုင်းပြည် ဟာ ဂုဏ်သိက္ခာကျဆင်းတော့ တာပါပဲ။ နိုင်ငံသားတွေ မကောင်း လို့ တိုင်းပြည်နာမည်ပျက်ရတယ် ဆိုတာ ကမ္ဘာ့သမိုင်းမှာ မရှိသေးပါ ဘူး။ စစ်တပ်အစဉ်အလာ စစ်တပ် ယဉ်ကျေးမှုနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာရတဲ့ တိုင်းပြည်တစ် ပြည် နာမည်ကောင်းမရှိတာကို ဥပမာနဲ့ တင်စားရရင် စစ်ပွဲရှုံးတာကွပ်ကဲတဲ့ တပ်မှူး စစ်သူကြီး မ ကောင်းလို့ ညံ့လို့ဖြစ်ရတာလို့ ဆို ရမှာပါပဲ။

တရားသောမင်း တရား သော အစိုးရမဟုတ်တာကြောင့် တစ်ကိုယ်ကောင်းဆန်တဲ့ အမူအ ကျင့် ရှိပါတယ်။ အာဏာရဖို့ ထိုင်ခုံမြဲဖို့အတွက် ဘာပဲလုပ်လုပ် တရားတယ်ဆိုတဲ့ အယူအဆကို ပွေ့ပိုက်ပါတယ်။ မတရားသဖြင့် လုပ်ရတာကို အစဉ်အဆက် ကျင့် သုံးလာတာကြောင့် အမျက်မာန် စောင်ကြီးသလို အာဃာတတရားလည်း ကြီးမားလေ့ရှိပါတယ်။ အာ ဏာမြဲဖို့အတွက် ရက်ရက်စက် စက်လုပ်ရပ်တွေကို လုပ်ဖို့ဝန်မ လေးပါဘူး။ ကိုယ့်အတွက်ကိုပဲ ကြည့်လေ့ရှိတာကြောင့် တိုင်းသူ ပြည်သားတွေ ကောင်းစားဖို့၊ အ ဆင့်အတန်းမြင့်မားလာဖို့ ဂရုစိုက်လေ့လည်း မရှိပါဘူး။ အဆိုးဆုံးကတော့ မိမိအာဏာတည်မြဲဖို့အ တွက် ဘာသာရေး၊ လူမျိုးရေးနဲ့ ပတ်သက်လို့ အစွန်းရောက်အယူ အဆတွေ၊ ၀ါဒတွေကို တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရိုက် သွင်းလေ့ရှိပါတယ်။ အဲသလို အ စွန်းရောက် အယူအဆတွေကို လက်မခံတဲ့ မထောက်ခံတဲ့လူ ပု ဂ္ဂိုလ်တွေ အဖွဲ့အစည်းအသင်းအ ပင်းတွေကို အမျိုးသားသစ္စာ ဖောက်လို့ အမည်တပ်ပါတယ်။

ဒီလိုအစွန်းရောက်တဲ့ အယူ အဆတွေကို ဟစ်တလာတို့၊ မူဆို လီနီတို့ အသုံးပြုပြီး အာဏာကို ယူခဲ့ကြတာ သမိုင်းမှာ အထင်အ ရှား မြင်ရပါတယ်။ ဂျပန်မှာလည်း ဖက်ဆစ်ဝါဒကို အင်အားကြီးလာ အောင် လုပ်ခဲ့တာ အားလုံးအသိ ပါ။ အဲဒီနိုင်ငံတွေမှာ အတိုက်အခံဆို တာ မရှိအောင် နှိပ်ကွပ်ခဲ့ပါတယ်။အတိုက်အခံ ထဲမှာ နိုင်ငံရေးပါတီ များသာမက မီဒီယာဆိုတာက လည်း ပါဝင်နေတော့ နောက်ဆုံး အဲဒီနိုင်ငံတွေမှာ သတင်းမီဒီယာ တွေ သင်းသတ်ခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး နှစ်ကာလ အတန်ကြာတဲ့အထိ ထိုနိုင်ငံများက နိုင်ငံသားများ နိုင်ငံတကာအ လယ်မှာ မျက်နှာငယ်ငယ်နဲ့ နေခဲ့ ရပါတယ်။ ဒီလိုသမိုင်း သင်ခန်းစာ တွေ ဖြစ်ခဲ့ပျက်ခဲ့တာ နှစ်ပေါင်း ခြောက်ဆယ်ကျော်လောက်ပဲ ရှိပါသေးတယ်။ မမေ့သင့်ပါဘူး။

အခု ထိုင်းနိုင်ငံမှာ မြန်မာ ပြည်သားတွေ ဂုဏ်သိက္ခာမဲ့စွာ နေထိုင်လုပ်ကိုင်စားသောက်နေ ရပါတယ်။ လမ်းပေါ်မှာ မြန်မာ တစ်ယောက်သေတာဟာ အဆန်းမဟုတ်ပါ။ ဘယ်ထိုင်းရဲကမှ လည်း အမှုကိုပေါ်အောင်လိုက် မယ်ဆိုတာ မရှိပါ။ ပြီးခဲ့တဲ့ နှစ်က ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား မွန် လူမျိုးအလုပ်သမားတစ်ဦး လမ်း ပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခံရပါ တယ်။ ပစ်တဲ့သူက ထိုင်းလူမျိုးပါ။ပစ်ရတဲ့ အကြောင်းရင်းက သူ့ ခွေးက ဟောင်တာကို အဲဒီမြန်မာ လုပ်သားက မောင်းလို့ပစ်ခြင်းပဲ ဖြစ်ပါတယ်။ အခုအထိ အဲဒီအမှု ဟာ ဘယ်ရောက်လို့ ဘယ်ပေါက် သွားတယ်ဆိုတာ ဘယ်သူမှ မသိ တော့ပါ။ ဒီလိုနဲ့ပဲ ပြီးဆုံးသွားပါ တယ်။ မြန်မာနိုင်ငံသားတစ်ဦးရဲ့ အသက်တစ်ချောင်းဟာ ခွေး လောက်မှ တန်ဖိုးမရှိဘူးဆိုတာ လက်တွေ့မြင်လိုက်ရတာပါပဲ။

အလားတူဆိုသလို ထိုင်းနိုင်ငံရဲ့ ရေလုပ်ငန်းတွေမှာ အလုပ် လုပ်နေကြတဲ့ မြန်မာနိုင်ငံသား ငါးဖမ်း လုပ်သားတွေ မကြာခဏပစ် သတ်ခံရတာ၊ ပင်လယ်ထဲ ပစ်ချခံ ခဲ့ရတာတွေကလည်း မနည်းလှပါ ဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံသား ဘယ်လောက်သေသေ ဘယ်သူကမှ အရေးမလုပ်ပါဘူး။ စက်ရုံ ကြီးတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေရဲ့ လုပ်အားခကို ထိုင်းစက်ရုံပိုင်ရှင်တွေက ဖြတ် တောက်တာ၊ တစ်ခါတစ်ခါ လစာရှင်းခါနီးမှ ငွေမပေးချင်လို့ တစ်ဖက်လှည့်နဲ့ ထိုင်းရဲကို အမှုဆင်ပြီး ဖမ်းခိုင်းတာမျိုး ကလည်း ရိုးအီနေတဲ့ ဇာတ်လမ်းတွေပါ။ ဒီလိုပြောလိုက်လို့ ထိုင်းအလုပ်ရှင်တိုင်း လူဆိုးတွေလို့ ဆိုလိုတာ မဟုတ်ပါ။ ကောင်းတဲ့အလုပ်ရှင်လည်း ရှိပါတယ်။ ထိုင်းအလုပ်ရှင်က လုပ်သက်ရင့်တဲ့ မြန်မာ အလုပ် သမားကို ယုံလို့ မီးခံသေတ္တာသော့ပါအပ်ပြီး အပျော်ခရီးထွက်နေတုန်း ရှိတာ အကုန်ခိုးပြီး မြန်မာပြည်ပြန်ပြေးတဲ့ အလုပ်သမားလူဆိုးမျိုးလည်း ရှိပါတယ်။ လူဆိုးလူကောင်း ဆိုတာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ရှိပါတယ်။

ဂုဏ်သိက္ခာမရှိသလို ဆက် ဆံခံရတယ်ဆိုတာက ကိုယ့်အစိုး ရက ကိုယ့်လူမျိုး အဝေးရောက် အလုပ်သမားတွေကို အစဉ်အဆက်အကာအကွယ်မပေးတာက နေတစ်ဆင့် ဖြစ်ရတဲ့ကိစ္စပါ။ ကိုယ့်အစိုးရ ကတောင် အကာအကွယ်မပေးမှန်းသိတော့ လုပ်တဲ့ ဘက်ကလည်း တဖြည်းဖြည်းနဲ့ အ တင့်ရဲ လာတာပဲ ဖြစ်ပါတယ်။ အဝေးတိုင်းပြည်မှာ မြန်မာလုပ်သားတွေ ဒီလိုဘ၀မျိုးမှာ နေထိုင်နေရတယ် ဆိုတော့ ပြည်တွင်းက လုပ်သားတွေကော ဂုဏ်သိက္ခာရှိစွာ ဆက်ဆံခံရရဲ့လား။ စက်ရုံလုပ်သားတွေ ဆန္ဒပြတဲ့ကိစ္စမှာ အာဏာပိုင်တွေက ဘယ်သူ့ဘက်က ရပ်တည် လဲ။ မန္တလေးကျောက်ဝိုင်းမှာ တရုတ် လူမျိုးတွေနဲ့ ပြဿနာတက်တော့အာဏာပိုင်တွေ ဘယ်သူ့ဘက်က ရပ်တည်သလဲ။လက် ပံတောင်းမှာ ပြဿနာတက်တော့ အစိုးရက ဘယ်သူ့ဘက်က ရပ်တည်သလဲ။ ဂုဏ်သိက္ခာကျဆင်း ရတယ်ဆိုတဲ့ နေရာမှာ ကိုယ့်ဘက်က စည်းမဲ့လို့ ဖြစ်ရတာတွေလည်း အများကြီးပါ။

ဥပမာတစ်ခုလောက် ပြော ပါရစေ။ ထိုင်းနိုင်ငံက အိန္ဒိယသံ ရုံးဟာ ထိုင်းနိုင်ငံမှာ အကြောင်း အမျိုးမျိုးနဲ့ ရောက်လာတဲ့ သူတို့ နိုင်ငံသားတွေ ပြဿနာတစ်စုံတစ်ရာတက်ပြီဆိုရင် ဖြေရှင်းပေးဖို့ အတွက် ဌာနတစ်ခု သတ်သတ်ဖွဲ့ ထားပါတယ်။ အိန္ဒိယနိုင်ငံသား တစ်ဦးဦး ဒုက္ခတွေ့တယ်ဆိုတာ ကို သတင်း ရတာနဲ့ သံရုံးက တာ ၀န်ရှိတဲ့ အရာရှိကလိုက်လံဆောင်ရွက်ပါတယ်။ သူ့နိုင်ငံသားဘက် က မှားရင်မှားတဲ့ အတိုင်း၊ မှန်ရင် မှန်တဲ့အတိုင်း ဖြစ်စေဖို့အတွက် ဆောင်ရွက်ပေးရပါတယ်။ ခေါင်း ရှောင်နေလို့ မရပါဘူး။ ခေါင်း ရှောင်နေတာကြောင့် ၀ိုင်းပြီး တိုင်တယ်တောတယ်ဆိုရင် အဲဒီသံရုံး က သံအမတ် အပါအ၀င် အရာရှိ တွေ ရာထူးချခံရမှာပါ။ အိန္ဒိယသံ ရုံးက ဘာကြောင့် သူတို့နိုင်ငံသား တွေကိစ္စကို သူတစ်ပါးနိုင်ငံတွေ မှာအထိ လိုက်လံဆောင်ရွက်ပေး တာလဲ။ ဆန်းစစ်ဖို့ လိုပါတယ်။

ဆန်းစစ်လိုက်တော့ အိန္ဒိယ မှာ တက်လာတဲ့ အစိုးရအဆက် ဆက်ဟာ သူတို့ပြည်သူ လူထုက ရွေးကောက်ပွဲမှာ ရွေးချယ်တင် မြှောက်ခဲ့တာကြောင့်ဆိုတာ သွား တွေ့ပါတယ်။ ယေဘုယျ အား ဖြင့် ပြောရရင် အိန္ဒိယနိုင်ငံက ရွေးကောက်ပွဲတွေဟာ စစ်မှန်တဲ့ ပါတီစုံ ရွေးကောက်ပွဲတွေဖြစ်သလို လွတ်လပ်ပြီး တရားမျှတတာ ကြောင့် ဖြစ်ပါတယ်။ လူထုရဲ့ မဲနဲ့စစ်စစ်မှန်မှန်တက်လာတဲ့ အစိုးရ တစ်ရပ်ဟာ လူထုကို မျက်ကွယ် ပြုလို့ မရဘူးဆိုတာ မြင်ရပါ တယ်။ လူထုမဲနဲ့ တက်လာရတဲ့ အစိုးရဖြစ်လေတော့ တရားတဲ့ အ စိုးရဖြစ်ကြောင်း၊ လူထုကို အလုပ်အကျွေးပြုတဲ့ အစိုးရဖြစ်ကြောင်း အမြဲသက်သေပြနေဖို့ လိုပါတယ်။မဲဝယ်၊ မဲခိုးပြီးတက်လာရင်တော့ တစ်မျိုးဖြစ်မှာပေါ့။

အစိုးရကိုယ်၌က သူတို့နိုင်ငံ သားတွေအတွက် သံရုံးကနေတစ် ဆင့် လိုက်လံဆောင်ရွက်ပေးမှန်း သိတော့ ထိုင်းအာဏာပိုင်တွေ ဘက်ကလည်း လက်လွတ်စပယ် လုပ်လို့မဖြစ်ဘူးဆိုတာကို သ ဘောပေါက်နေ ပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံသားတွေအတွက် ထူး ခြားတဲ့ ၀ိသေသပါ။ သူတို့မှာ ဂုဏ်သိက္ခာရှိတယ် ဆိုတာကို မြင်ရပါ တယ်။

ပြောရရင် အိန္ဒိယနိုင်ငံဟာ အခုအထိ ဆင်းရဲသားများနေဆဲ နိုင်ငံတစ်ခုပါ။ ထိုင်းနိုင်ငံကို အ ကြောင်း အမျိုးမျိုးနဲ့ လာရောက်တဲ့သူတို့နိုင်ငံသားတိုင်းက လူချမ်း သာတွေမဟုတ်ပါ။ တချို့လည်း တရားမ၀င် အလုပ်ခိုးလုပ်တာမျိုး ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမှုအခင်းဖြစ်လာပြီဆိုရင် သူတို့သံရုံးက လိုအပ်တဲ့ အကူအညီတွေကို ဥပဒေကြောင်းအရ ပေးအပ်ပါ တယ်။ ပစ်မထားပါဘူး။

ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများကတော့ မိမိအစိုးရ၊ မိမိသံရုံးကနေ နှစ်ပေါင်းများစွာ ပစ်ထားခြင်း ခံထားရလေတော့ အထူးသဖြင့် ထိုင်းရဲများနဲ့ မတရား တဲ့ အလုပ်ရှင်များရဲ့ အနိုင်ကျင့် မှု၊ စော်ကားမှုကို ခံကြရပါတယ်။ ဒါဟာ လက်တွေ့ဖြစ်နေတဲ့ ကိစ္စ တွေပါ။ ငြင်းလို့မရပါဘူး။

အခုဖြစ်ပွားတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းခိုတောင်ကျွန်းက ဗြိ တိန်နိုင်ငံသားနှစ်ဦး အသတ်ခံ ရတဲ့ လူသတ်မှုမှာ မြန်မာနိုင်ငံ သား နှစ်ဦးကို တရားခံအဖြစ် ဖမ်းဆီးထားပါတယ်။ သူတို့နှစ်ဦးဟာ အမှန်တကယ် တရားခံဖြစ်တယ်၊ မဖြစ်တယ်ကို မပြောလိုပါ။ ဒါပေ မဲ့ အမှုသွားအမှုလာ သတင်းများ အရ ထိုင်းရဲတွေဆောင်ရွက်ပုံ ဟာ နည်းလမ်းမကျသလို ဖြစ်နေ ပါတယ်။ ဘက်လိုက်သလိုလည်း ဖြစ်နေပါတယ်။ လွတ်လပ်တဲ့ တရားစစ်ဆေးမှုမျိုးရှိဖို့ လိုအပ် တယ်လို့ မြင်ပါတယ်။ ဘန်ကောက်မြန်မာသံရုံးက ထိုင်းရှေ့နေတွေ ကို ငှားရမ်းပြီး လိုက်ပါဆောင်ရွက်မယ်လို့ သတင်းကြားတာကြောင့် ဒီအချက်ကိုတော့ အမှတ်ပေးပါ တယ်။ ဖြစ်သင့်တယ်လို့လည်း မြင်ပါတယ်။ တစ်ခုပဲရှိပါတယ် ဒီအ မှုကို ရေဆုံး ရေဖျားတော့ လိုက် ဖို့လိုတယ်လို့ ထောက်ပြလိုပါ တယ်။ အားလုံးအမြင်မှာတော့ တရားသဖြင့် လွတ်လပ်စွာ အမှု ကို စစ်ဆေးလို့ အမှုမှန်ပေါ်ရင် လက်ခံကြမှာပါပဲ။ သတ်ရင် လည်း သူ့နိုင်ငံဥပဒေအတိုင်း စီ ရင်ချက်ချ၊ မသတ်ဘူးဆိုရင် လည်း အမှုကလွတ်ဆိုတဲ့ အမြင် ဟာ အခုဒီအမှုကို စောင့်ကြည့်နေတဲ့ လူတိုင်းရဲ့ အမြင်ပါ။

အခု ဒီအမှုကို စောင့်ကြည့် နေသူများ အားလုံးရဲ့ အမြင်မှာ ထိုင်းရဲတွေအနေနဲ့ သူတို့နိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသားဦးရေ လျော့ကျမှာကို စိုးရိမ် တဲ့အတွက် လူသတ် တရားခံကို မြန်မြန်ဖော်ထုတ် ချင်တာကြောင့် မြန်မာအလုပ်သမား နှစ်ဦးကို ဆွဲ ထည့်တယ်လို့ မြင်နေကြပါတယ်။ နောက်တစ်ချက်က ဒီလို လူသတ် တာမျိုးက ထိုင်းတွေမလုပ်ဘူး၊ မြန်မာတွေပဲ လုပ်တတ်တယ်ဆို တဲ့ အယူအဆကိုလည်း ထိုင်းရဲ တွေက နိုင်ငံတကာကို တင်ပြချင်ဇောများနေတယ်လို့ အတော်များ များက ဝေဖန်ကြပါတယ်။ အပြစ် ရှိရင် ရှိသလို အဲဒီပြစ်ဒဏ်ကို ခံ ယူဖို့ လိုပေမယ့် အပြစ်မဲ့တဲ့သူတွေ ဆိုရင်တော့ အဲဒီလို ပြစ်ဒဏ်မျိုး ကနေ လွတ်မြောက်ဖို့ ဆောင်ရွက်ပေးဖို့ အရေးကြီးပါတယ်။

မြန်မာပြည်ရဲ့ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံသားတွေရဲ့ ဂုဏ်သိ က္ခာကို ပြန်လည်ဆယ်မဖို့အတွက် လက်ရှိမြန်မာအစိုးရအနေနဲ့ ဘယ်လောက်အထိ ဇွဲကောင်းကောင်းနဲ့ လိုက်ပါဆောင်ရွက်မလဲဆိုတဲ့ အပေါ်မူတည်ပါတယ်။ ဘယ်တိုင်းပြည်က ဘယ်နိုင်ငံသားပဲ ဖြစ်ဖြစ် လူတိုင်းဟာ ဂုဏ်သိက္ခာရှိစွာနေထိုင်သက်ရှင်လိုတယ်ဆိုတာ ပြောလိုပါကြောင်း။

7daydaily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...