စင်ကာပူနိုင်ငံမှ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး သည် နာမည်ကြီးအလှပြင်ဆိုင်တစ် ခုတွင် ငါးဒေါ်လာသာကုန်ကျမည့် ဆံပင်ညှပ်ခြင်းပြုလုပ်ခဲ့ရာ ဒေါ်လာ ၅ဝဝဝ ပေးခဲ့ရခြင်းဖြင့် အဆုံးသတ် ခဲ့ရသည်ဟု သိရသည်။
ဘတ်တီချိုင်သည် စင်ကာပူအ လယ်ပိုင်း Ang Mo Kio မြို့လယ်ရှိ New Station အလှပြင်ဆိုင်သို့သွား ရောက်ပြီး ဆံပင်ညှပ်ခဲ့သည်။ ဆံပင် ညှပ်ပြီးနောက် ဝန်ထမ်းများကသူမ အား အခမဲ့ဦးရေစမ်းသပ်မှုပြုလုပ်ပေး မည်ဟု ကမ်းလှမ်းခဲ့ရာ သူမကလက် ခံခဲ့သည်။
စမ်းသပ်မှုပြုလုပ်ပြီးနောက် ဝန်ထမ်းများက သူမကိုဓာတ်ပုံများ ပြသကာ ''မစ္စချိုင်၏ဦးရေပြားသည် အလွန်အဆီပြန်ကာ ဆံသားများသည် လည်း မယုံကြည်နိုင်လောက်အောင် ခြောက်သွေ့နေသည်ဟု ပြောသည်။ ထိုပုံစံမျိုးဖြင့် ချိုင်သည်မကြာမီအချိန် အတွင်း ဆံပင်များကိုဆုံးရှုံးရဖွယ်ရှိ သည်ဟုလည်း သတိပေးခဲ့သည်။
ထို သတိပေးမှုကြောင့် ထိတ်လန့်သွား သောချိုင်အား တစ်ကြိမ်ပြုလုပ်လျှင် ၂၉၈ဒေါ်လာကုန်ကျမည့် ကုသမှုတစ် မျိုးရှိကြောင်းနှင့် ထိုကုသမှုအကြိမ် နှစ်ဆယ်အတွက် ဒေါ်လာ ၄ဝဝဝ သာယူပြီး သူမအားတစ်ကြိမ်လျှင် ဒေါ်လာ ၁ဝဝလျှော့ပေးမည်ဟုလည်း ဝန်ထမ်းက ဆွဲဆောင်ခဲ့သည်။
တစ်လဝင်ငွေဒေါ်လာ ၂ဝဝဝ ရှိသောချိုင်က ဈေးနှုန်းကြောင့်ကုသ မှုတစ်ကြိမ်သာ ပြုလုပ်မည်ဟုပြော ကာ သူမ၏ခရတ်ဒစ်ကတ်ကိုပေးလိုက် သည်။
သို့သော်ဝန်ထမ်းက ၂၉၈ဒေါ် လာသာဖြတ်ယူမည့်အစား အကြိမ် နှစ်ဆယ်အတွက် ဒေါ်လာ ၄ဝဝဝကို တစ်ဆက်တည်းယူကာ ယခုကဲ့သို့ အကြိမ်နှစ်ဆယ်ကုသရန် လက်ခံခြင်း အတွက် ဝမ်းသာစကားပြောသည်။
မစ္စချိုင်ကမဟုတ်ဟု ငြင်းသော်လည်း ဝန်ထမ်းက ထိုသို့အကြိမ်နှစ်ဆယ်စာ အတွက် စာချုပ်ချုပ်ပြီးပြီဟု ပြောသည်။
ထို့အပြင်ဆိုင်ဝန်ထမ်းက သူမအား ဒေါ်လာ ၅ဝဝတန် ဆံပင်အရောင်ဆိုး ခြင်းများ အခမဲ့ပြုလုပ်ပေးမည့် ဆံ သားကုသမှုအတွက် ဒေါ်လာ ၂ဝဝဝ တန် စာချုပ်ချုပ်ဆိုလိုက်ပြန်သည်။ သို့သော်ချိုင်က ဒေါ်လာ ၁ဝဝဝ သာ ပေးခဲ့ကာ ဒေါ်လာ ၅ဝဝ တန်အခမဲ့ ခံစားခွင့်ကို အဆုံးရှုံးခံလိုက်ရသည်။
ထို့ကြောင့် ချိုင်၏သားဖြစ်သူ က စင်ကာပူစားသုံးသူအဖွဲ့အစည်း သို့ မိခင်၏ဒေါ်လာ ၅ဝဝဝ ပြန်ရလို မှုဖြင့်တိုင်ကြားခဲ့ပြီး ၄င်း၏တိုင်ကြား မှုက ကိုးလအတွင်း New Station ဆံပင်ညှပ်ဆိုင်နှင့်ပတ်သက်၍ (၂၂) ကြိမ်မြောက် တိုင်ကြားမှုဖြစ်သည်။
သို့သော် Ang Mo Kio မြို့ရှိ New Station ဆိုင်မှ မန်နေဂျာက ၄င်းတို့ဝန်ထမ်းများသည် ထိုသို့ ဖောက် သည်များကို အတင်းအကျပ်စာချုပ် ချုပ်ခိုင်းခြင်းမရှိကြောင်းသာ ငြင်းဆို ခဲ့ပြီး ကျန်အကြောင်းအရာများကို ဖြေကြားခဲ့ခြင်းမရှိဟု သိရသည်။
စင်ကာပူ၊ အောက်တိုဘာ ၂၇
Ref;The New Paper
Democracytoday
0 comments:
Post a Comment