Thursday, November 6, 2014

နိုဝင်ဘာလ ၉ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် မုန်းတိုင်းတိုက်ခိုက်မှုမှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်

နိုဝင်ဘာလ ၉ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီ၌ ကပ္ပလီပင်လယ်ပြင်အတွင်း စတင်ဝင်ရောက်စဉ်မှာပင် မုန်တိုင်းဗဟိုလေတိုက်နှုန်း တစ်နာရီ မိုင် ၅ဝ ခန့်အထိရှိနိုင်သောကြောင့် တနင်္သာရီတောင်ပိုင်းစွန်းဒေသများအတွက် အထူးသတိပြုသင့်ကြောင်း


တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် INVEST 99W သည် ထိုင်းပင်လယ်ကွေ့သို့ ဆက်လက်ရွေ့လျားပြီး၊ နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း Nakhon Si Thammarat ခရိုင်အား ဖြတ်ကျော်ပြီးနောက် ဖူးခက်မြို့အနီးမှ တစ်ဆင့် ကပ္ပလီပင်လယ်တောင်ပိုင်းသို့ဝင်ရောက်မည်ဟု GFS ကွန်ပျူတာမော်ဒယ်များမှ ပုံဖေါ်ရရှိသည့် ခန့်မှန်းများတွင်တွေ့ရကြောင်း၊ အနောက်ဘက် Andarman ကျွန်းစုတောင်ပိုင်းသို့ ဆက်လက်ရွေ့လျားပြီး ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းသို့ ဆက်လက်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။
နိုဝင်ဘာလ ၆ ရက် ညနေပိုင်းတွင် ထပ်မံရရှိသည့် ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်အရ ထိုင်းပင်လယ်ကွေ့မှတစ်ဆင့် ထိုင်းတောင်ပိုင်းကမ်းခြေအား ဖြတ်ကျော်စဉ်မှာပင် အားကောင်းသည့် အပူပိုင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ပြီး ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိစဉ် ပိုမိုအားကောင်းလာနိုင်မည်ဟု ခန့်မှန်းထားပါသည်။
နိုဝင်ဘာလ ၉ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီ၌ ကပ္ပလီပင်လယ်ပြင်အတွင်း စတင်ဝင်ရောက်စဉ်မှာပင် မုန်တိုင်းဗဟိုလေတိုက်နှုန်း တစ်နာရီ မိုင် ၅ဝ ခန့်အထိရှိနိုင်သောကြောင့် တနင်္သာရီတောင်ပိုင်းစွန်းဒေသများအတွက် အထူးသတိပြုသင့်ကြောင်း အသိပေးတင်ပြလိုပါသည်။
ကပ္ပလီပင်လယ်ပြင်အတွင်း အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ကပ္ပလီကျွန်းစုတောင်ပိုင်းအနီးသို့ ရောက်ရှိစဉ် မုန်တိုင်းဗဟိုလေတိုက်နှုန်း တစ်နာရီ မိုင် ၇ဝ ခန့်အထိရှိသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် ကမ်းနီး/ကမ်းဝေး ရေလုပ်သားများအနေဖြင့် မုန်တိုင်းအရှိန်ကြောင့် အရှေ့ဘက်မှ လေပြင်းတိုက်နိုင်မည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်နိုင်ကြစေရန် အသိပေးတင်ပြအပ်ပါသည်။


To ;MMweather Page

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...