
တရုတ်နိုင်ငံတွင် ခန္ဓာကိုယ် ယားယံအဖုအပိန့်များ ထွက်နေ၍ ဆေးရုံရောက်လာသူ အမျိုးသားတစ်ဦးကို ကုသရာမှ အရေပြားတွင်း ရှင်သန်နေဆဲ ပိုးလောက်လန်းပေါင်း ၂၀ တွယ်နေသည်ကို တွေ့ရှိခဲ့သည်။
ကွမ်ကျို့ပြည်နယ်မှ မာဆိုသူ အမျိုးသားသည် အာဖရိကတွင် ခြောက်လကြာမျှ အလုပ်သွားလုပ်ခဲ့ပြီး မွေးရပ်မြေသို့ပြန်လာစဉ် ယင်းသို့ ကြုံတွေ့ရခြင်း ဖြစ်သည်။
ဆရာဝန်တစ်ဦးနှင့် ၎င်း၏ အရေပြားယားယံသည့် ဝေဒနာ ကို ပြကြည့်သော် လည်း သက်သာလာခြင်း မရှိပေ။ ဝေဒနာကို သီတင်းနှစ်ပတ်မျှ ခံစားရပြီးနောက် ရှင့်ကျန်းဆေးရုံက အရေပြားဆရာဝန်နှင့် တွေ့ ၍ ရောဂါဖြစ် ပွားသည့် ဇစ်မြစ်အမှန်ကို သိရှိခဲ့ခြင်းဖြစ်သည်။
မာ၏ ဝမ်းဗိုက် အရေပြားအတွင်းပိုင်းအောက်တွ
ထိုသို့ သိရှိပြီးနောက်တွင် အသေးစားခွဲစိတ်မှုပြုလုပ်ကာ မာ၏ဝမ်းဗိုက်အရေပြားမှ ပိုးလောက်လန်းများကို ခွဲထုတ်နိုင်ခဲ့သည်။
ယခုပိုးလောက် လန်းအမျိုးအစားသည် ယင်မကြီးတစ်မျိုး လူ့ခန္ဓာကိုယ်တွင် တွယ်ကပ်ကာ ဥဥ၍ အရေပြားအောက် ရှင်သန်ကြီးထွားနိုင်သည့် လောက်လန်းမျိုးဖြစ်ပြီး အာဖရိကဒေသတွင် အများအပြားရှိကြသည်။
0 comments:
Post a Comment