Monday, November 17, 2014

``ကျွန်တော့မြေမှာ´´


``ကျွန်တော့မြေမှာ´´
~~~~~~~~~~~~

ပန်းပွင့်ကို ကျွန်တော်မင်

ပန်းပင်ကို ကျွန်တော်ပျိုး

ထုံနံ့သာဖူးကာမှ လက်ဦးသူချိုး

အသီးကို ကျွန်တော်မင်

အပင်ကို ကျွန်တော်ပျိုး

သီးကင်းငုံပေါ်ကာမှ လက်ဦးသူခိုး

ပန်းပင်အလှ ကျွန်တော်မင်

ပန်းပင် ကျွန်တော်ပျိုး

ပွင့်ချိန်တန်ရနံ့ရိုင်းနဲ့ ပဒိုင်းပင်မျိုး

အချိုသီး ကျွန်တော်မင်

အချိုပင် ကျွန်တော်ပျိုး

သီးချိန်တန် တမာပျားလို

ခါးသည့်အမျိုး

ရေမလောင်းပေါင်းမသင်

ပန်းတစ်ပင်ပါလား

မမျှော်ရဲပြီဘု

ကံနည်းသူ ကျွန်တော်မို့

တော်သလိုပွင့် တော်သလိုဖူး

လက်ဦးသူ ချိုးချိုး

မြတ်နိုးသူ ပန်ပန်

ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့

ကိုယ်ထိုက်လျှင်

ကိုယ်ပန်ရချည်လိမ့်လို့

ဖြေသိမ့်ကာ စိုးရိမ်စိတ်နဲ့

ရင်ထိတ်တကာ

မောင်စိန်ဝင်း(ပုတီးကုန်း)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...