Monday, November 17, 2014

``မျှော်လင့်ခြင်း အင်အား´´


``မျှော်လင့်ခြင်း အင်အား´´

ကံကြမ္မာဆိုးက ကိုင်နှဲ့နေမှတော့

ငါ့မျှော်လင့်ချက်တွေ ယိုင်နဲ့ပါစေလေ

ပြန်လည်တည့်မတ်ဖို့ ကြိုးစားရမှာပေါ့

အေးစက်နေတဲ့စိတ်ကူးတွေလည်း

အရင်ထက်လင်းလက်ဖို့

ထွန်းညှိရဦးမယ်

ချစ်သူ … ဟိုး…အဝေးကချစ်သူရေ

တို့နှစ်ဦးမလွန်ဆန်နိုင်ခဲ့တာ

အိမ်ပြန်ချိန်တိုင်း

ခွဲခွါခဲ့ရခြင်းတွေမဟုတ်လား ?

တို့အတူခံစားနားလည်ခဲ့ကြတယ်

မျက်ရည်တွေလည်း ဝဲခဲ့ကြတယ်

ဘယ်သူမှမလိုချင်ခဲ့ပဲ ရရှိထိရှခဲ့တဲ့

ခပ်ပြင်းပြင်း အလွမ်းဝိုင်ကိုမော့ပြီး

(တစ်နေ့တစ်နေ့)ငေးဆွေး

ထိုင်မှိုင်နေရတာ

စိတ်ပျက်စရာအဓိပ္ပါယ်မဲ့ပေမယ့်

ဖွင့်ဟတိုင်တည်စရာမလိုပဲ

ကိုယ်စီရှိခဲ့တဲ့ သစ္စာတွေကြောင့်

တစ်ချိန်ချိန် အလွမ်းရာသီကုန်ဆုံးလို့

အနမ်းမိုးတွေဆွေဦးမယ့်မနက်မှာ

အရင်လို စကားတွေပြောရင်း

အရင်လို လမ်းအတူလျှောက်ရင်း

အရင်လို ကဗျာတွေရေးရင်းဖတ်ရင်း

အရင်လိုခိုင်မြဲတဲ့ တွဲလက်တစုံနဲ့

ငြိမ်းချမ်းတဲ့ အပြာရောင်ညကို

တို့အတူတူချယ်မှုန်းကြမယ်

အလင်းရိုင်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...