Tuesday, August 26, 2014

မိဘတွေ ကန့်ကွက်တဲ့ကြားထဲက တစ်ဦးကိုတစ်ဦး နှစ်နှစ်ကာကာ ချစ်မိသူနှစ်ဦး အကြောင်းဖေါ်ကျူးထားတဲ့ အမေရိကန် အချစ်ဒရာမာ ဇာတ်ကား Beyond The Lights

ဂရမ်မီဆုကိုရယူခဲ့ပြီး ငွေကြယ်ပွင့်တစ်ပွင့်စဖြစ်ခါစ အဆိုတော် Noni Jean ရဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အောင်မြင်မှုရဲ့ဖိအားတွေက သူမရဲ့ဘဝကို အဆုံးသတ်စေလုနီးပါးဖြစ်အောင်တွန်းပို့ပေးခဲ့တာဖြစ်ပေမယ့် လူငယ်ရဲအရာရှိတစ်ယောက်ရဲ့ကယ်တင်မှုနဲ့ကြုံခဲ့ရပါတယ်။ သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ပတ်သတ်တဲ့ ရည်မှန်းချက်တွေကိုသာအာရုံစိုက်စေချင်တဲ့ မိဘတွေကန့်ကွက်တဲ့ကြားထဲက သူတို့နှစ်ဦး  တစ်ယောက်ကိုတစ်ယောက် နှစ်နှစ်ကာကာချစ်မိခဲ့ကြပါတယ်။ ဒါပေမယ့် သူက သူမရဲ့ အနုပညာလမ်းကြောင်းမှာ ပျောက်ဆုံးလိုအပ်နေတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ခဲ့ပါတယ်။

Beyond the Lightsဟာ ဒါရိုက်တာ Gina Prince-Bythewood ရိုက်ကူးထားတဲ့ အချစ်၊ ဒရာမာဇာတ်ကားဖြစ်ပြီး သရုပ်ဆောင်တွေအဖြစ် Gugu Mbatha-Raw, Minnie Driver, Nate Parker နဲ့ Danny Glover တို့ပါဝင်ထားပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့ထွက်မှာပါ။

Ref:imdb.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...