Saturday, August 9, 2014

ရင်ပြင်နီ အထိမ်းအမှတ်ကို ဆူးလေဘုရား အနီးတွင် ပြုလုပ်

ရှစ်လေးလုံးအရေး တော်ပုံ (၂၆) နှစ်ပြည့် အမှတ်တ ရအဖြစ် အရေးတော်ပုံအတွင်း သွေးစွန်းသော သူများအတွက် ရင်ပြင်နီအထိမ်းအမှတ်ကို ဆူး လေဘုရားအနီးတွင် ပြုလုပ်ခဲ့ပြီး ကျဆုံးသွားသော သူများအား ပန်း ခွေချအလေးပြုခြင်းနှင့် ဟော ပြောပွဲများကို ရန်ကုန်မြို့ နေရာ အနှံ့အပြား၌ ပြုလုပ်ခဲ့ကြသည်။

သြဂုတ် ၈ ရက်တွင် ရှစ် လေးလုံးအရေးတော်ပုံ (၂၆) နှစ် ပြည့် အမှတ်တရအဖြစ် ရှစ်လေး လုံးအရေးအခင်းတွင် ပါဝင်ခဲ့သူ များနှင့် ပြည်သူများ၊ အရေးအခင်း တွင် ကျဆုံးသွားသောသူများအ တွက် ပန်းခွေချ အလေးပြုခြင်း၊ အမှတ်တရ     ဟောပြောပွဲများ ပြုလုပ်ခြင်း၊ သတ်ဖြတ်ခံရမှုအ တွက် အာဏာရှင်များအား လမ်း လျှောက်ဆန္ဒပြခြင်း၊ သီချင်းသီ ဆိုခြင်းများနှင့် ဆူးလေဘုရားအ နီးတွင် သွေးစွန်းခဲ့သူများအတွက် ရင်ပြင်နီအထိမ်းအမှတ် ပြုလုပ် ကာ သရုပ်ပြပွဲများ ပြုလုပ်ခဲ့ကြ သည်။နံနက်ပိုင်းတွင် ရှစ်လေးလုံး အရေးတော်ပုံ၌  ပါဝင်ခဲ့သူများ နှင့် ပြည်သူများက ဆူးလေဘုရား အနီးတွင် ပန်းခွေချအလေးပြုခြင်း၊ သီချင်းများသီဆိုခြင်း၊  ရင်ပြင်နီ အထိမ်းအမှတ်ပွဲများ ပြုလုပ်ခဲ့ ကြသည်။
ရင်ပြင်နီအထိမ်းအမှတ်ပွဲတွင် လွမ်းသူ့ပန်းခွေချဂုဏ်ပြုသူများ(ဓာတ်ပုံ−နစ်ကီ)
‘‘ဒီနေ့မှာ ကျွန်တော့်သူငယ် ချင်းတွေ သေခဲ့ရတယ်။ ပြည်သူ တွေ၊ ရဟန်းတွေ သေခဲ့ရတယ်။ သူတို့အတွက် ဆုတောင်းပေးတာ ပါ။ ဒီအာဏာရှင်စနစ်ဆိုးကြီးက နေ ရုန်းထွက်နိုင်ဖို့အတွက် အရင် က ပြည်သူတွေကို ဒီလိုမျိုး လုပ်ခဲ့ တယ်ဆိုတာ အခု နောက်လူငယ် တွေသိအောင်လို့ ဒီအခမ်းအနား တွေ လုပ်တာပါ’’ ဟု ၁၉၈၈ အ ရေးအခင်းတွင် ပါဝင်ခဲ့ပြီး ယခု ဆုတောင်းပွဲကို ဦးဆောင်ပြုလုပ် ရာတွင် ပါဝင်သူ ကိုဘိုဘိုက ပြောသည်။ အဆိုပါနံနက်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယသာသနာ့ ရိပ်သာ ကျောင်းတိုက်တွင် ၈၈ ငြိမ်း/ပွင့်မှ ဦးမင်းကိုနိုင်နှင့်အခြား ပုဂ္ဂိုလ်များက အရေးတော်ပုံအ ကြောင်း ဟောပြောခဲ့ကြသည်။ ညနေပိုင်းတွင် လူဦးရေ၁၀၀ခန့် က တာမွေမြို့နယ်ဈေးအနီးမှစတင် ၍   ဆူးလေဘုရားအထိ   လမ်းလျှောက်ဆန္ဒပြ  ကန့်ကွက်ခဲ့ကြ သည်။

၁၉၈၈ ခုနှစ် ၈ ရက်၊ ၈ လ နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ အ ကြီးကျယ်ဆုံး ဆန္ဒပြပွဲကြီး ဖြစ် ပေါ်ခဲ့သည်။ ထိုသို့ ဆန္ဒပြမှုများ ကြောင့် ဆန္ဒပြသူ ၄၄ ဦးကို ရဲ တပ်ဖွဲ့က   စတင်ဖမ်းဆီးထိန်း သိမ်းခဲ့သည်။ ထိုနေ့ နေ့လယ် ပိုင်းတွင်    အခြားနယ်မြို့များ၌ လည်း ဆန္ဒပြမှုများဖြစ်ပေါ်ကာ ထိုဆန္ဒပြမှုများကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ရာ မန္တ လေးမြို့တွင် နှစ်ဦးသေဆုံးပြီး မြိတ်မြို့တွင် နှစ်ဦး သေဆုံးခဲ့ သည်။ ထိုနေ့ ညနေပိုင်းတွင် ဆူး လေဘုရားအနီး၌ ဆန္ဒပြသူအရေ အတွက် များပြားလာသော ကြောင့် ညပိုင်းတွင် နိုင်ငံတော် သမ္မတက ပစ်မိန့်ပေးခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...