ဓာတ်မတည့်မှု၊ ပိုးမွှားကိုက်မှု၊ အရေပြားမှာ ရောဂါကူးစက်မှု၊ ရာသီဥတုခြောက်သွေ့မှု၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်များကြောင့် စသည့်အကြောင်းရင်းအမျိုးမျိုးကြောင့်တစ်ချိန်လုံး အရေပြားယားယံနေတာမျိုး ဖြစ်ပွားလေ့ရှိပါတယ်။ ဒီလိုယားပြီဆိုရင် အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့အယားသက်သာအောင်လုပ်ကြည့်ဖို့အကြံပေးချင်ပါတယ်။
မုန့်ဖုတ်ဆော်ဒါ
ရေချိုးကန်ထဲကို မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ပန်းကန်တစ်လုံးစာထည့်ဖျော်ပြီး နာရီဝက်လောက် စိမ်ပေးရင်သက်သာနိုင်သလို မုန့်ဖုတ်ဆော်ဒါကို ရေနည်းနည်းနဲ့ အနှစ်ဖြစ်အောင်လုပ်ပြီး ယားတဲ့နေရာကိုသုတ်ပြီး ၁၀ မိနစ်လောက်ထားကာ ရေဆေးချပေးနိုင်ပါတယ်။
ရေအေးအေး
ယားယံတဲ့နေရာကို ရေအေးအေးလောင်းချိုးပေးနိုင်သလို ရေခဲတုံးကို အ၀တ်နဲ့ ထုပ်ပြီး ယားတဲ့နေရာကို ကပ်ပေးနိုင်ပါတယ်။
ရှောက်သီး(သို့) သံပရိုသီး
ယားယံတဲ့နေရာကို ရှောက်သီး(ဒါမဟုတ်)သံပရိုသီးကို လှီးပြီး ပွတ်ပေးနိုင်တဲ့အပြင် အရည်ညှစ်ပြီး ဂွမ်းစနဲ့တို့ပေးနိုင်ပါတယ်။
ပန်းသီးရှလကာရည်
ရေနွေးနွေးနဲ့ ရှလကာရည်ရောစပ်ပြီး နာရီဝက်လောက် စိမ်ပေးနိုင်ပြီး ရှလကာရှည်ကို ယားယံတဲ့ နေရာသုတ်လိမ်းပေးနိုင်ပါတယ်။
လေးညှင်းပွင့်နဲ့ ဂျူနီပါဘယ်ရီ
ယားယံတာအတွက်တော့ အကောင်းဆုံးအိမ်တွင်း ကုထုံးတစ်လက်ပါပဲ။ ဂျူနီပါဘယ်ရီက ရောင်ရမ်းတာတွေ လျော့ပါးစေနိုင်ပြီး လေးညှင်းပွင့်ကတော့ ယားယံစေမှုကို သက်သာစေနိုင်ပါတယ်။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ဂျယ်နဲ့ ယားတဲ့ နေရာကို ပွတ်ပေးပြီး ၁၅ မိနစ် လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချနိုင်ပါတယ်။
ပင်စိမ်း
ပင်စိမ်းရွက်ခြောက်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရေနွေးဆူဆူ လက်ဖက်ရည် ပန်းကန်နှစ်လုံးစာကို ဖျော်စပ်ပြီး အေးသွားတဲ့အခါ ယားတဲ့နေရာတွေကို ဂွမ်းစနဲ့ တို့ပေးနိုင်ပါတယ်။ ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် ပင်စိမ်းရွက်နဲ့ ယားတဲ့နေရာကို ပွတ်ပေးပြီးခြောက်သွားတဲ့အခါ ရေနွေးနွေးနဲ့ ဆေးပေးနိုင်ပါတယ်။
စမုန်ဖြူ
ရေနွေးဆူဆူ ထည့်ထားသော လက်ဖက်ရည်ပန်းကန်နှစ်လုံးထဲကို စမုန်ဖြူစားပွဲတင် ဇွန်းတစ်ဇွန်းထည့်ဖျော်စပ်ပြီး အေးသွားတဲ့အခါ ယားယံတဲ့နေရာကို သုတ်လိမ်းနိုင်ပါတယ်။ ယားယံမှုမပျောက်မချင်း မကြာခဏ လုပ်ပေးနိုင်ပါတယ်။
ပက်ပါမင့်ဆီ
ရေချိုးကန်ထဲကို ပက်ပါမင့်ဆီ အနည်းငယ်ထည့်ပြီး ရေနွေးနွေးနဲ့ ဖျော်စပ်ပြီး နာရီဝက်လောက် စိမ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ပက်ပါမင့် ဆီ သုံးလေးစက်ကိုအုန်းဆီ၊ သံလွင်ဆီ(ဒါမှမဟုတ်) ဗာဒံဆီတစ်ခုခုကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းရောပြီး ယားယံတဲ့နေရာတွေကို လိမ်းပေးရင် သက်သာနိုင်ပါတယ်။
Saturday, August 9, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment