Thursday, August 14, 2014

နိုင်ငံတကာ အမြန်ချောပို့ လုပ်ကိုင်ခွင့် ပုဂ္ဂလိက ကုမ္ပဏီငါးခု ဆောင်ရွက်မည်

အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်းအား မှတ်ပုံတင် စနစ်ဖြင့် ဝန်ဆောင်မှုပေးသူ (Registered Service Provider) အဖြစ် လုပ်ကိုင်ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီငါးခုကို ရွေးချယ်လိုက်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ ပုဂ္ဂလိကကုမ္ပဏီငါးခုမှာ Magnate Group Logistic, Smart Logistics , Transmarine Logistics Asia Pte, United Courier Services, Myanmar USU တို့ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်း လုပ်ကိုင်ခွင့် သဘောတူစာချုပ်အား သြဂုတ်လ ၈ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။ Magnate Group Logistic, Smart Logistics , Transmarine Logistics Asia Pte တို့မှာ သြဂုတ်လ ၈ ရက်နေ့မှ စတင်ကာ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပြီး United Courier Services, Myanmar USU တို့မှာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...