Thursday, August 14, 2014

မန္တလေးပဋိပက္ခတွင်တွင် စွပ်စွဲဖမ်းဆီးခံထားရသူ ထွန်းထွန်း၏ ရှေ့နေ ခြိမ်းခြောက်ခံနေရဟု ကာယကံရှင်ပြော

ကတုံးမကို ဒုတိယအကြိမ် ရုံးထုတ်ခဲ့စဉ် (ဓာတ်ပုံ−နန်းအောင်)

မန္တလေးပဋိပက္ခဖြစ်စဉ်တွင် စွပ်စွဲဖမ်းဆီးခံရသူ ထွန်းထွန်းအတွက် အမှုလိုက်ပေးသည့် တရားလွှတ်တော်ရှေ့နေအား မိုဘိုင်းဖုန်းမှတစ်ဆင့် ခြိမ်းခြောက်ခံရသည်ဟု ကာကယံရှင်ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရှိန်ထွန်းက ပြောသည်။

‘‘အခု လုံခြုံရေးအတွက် စိတ်ပူနေရတာပါ။ Viber ကနေပြီးတော့ ရိုဟင်ဂျာဘရားသားဆိုပြီး group တစ်ခု ၀င်လာတယ်။ ပထမပိုင်းမှာ ဗမာလိုပြောတယ်။ ခင်ဗျားဘယ်သူလဲ၊ ဘယ်ကလဲ၊ ခင်ဗျားနဲ့ စကားပြောချင်တယ်။ ဘယ်မှာနေတာလဲဆိုတဲ့ ခြိမ်း ခြောက်မှုတွေ ပေါ်ပေါက်လာပါ တယ်’’ ဟု ဦးအောင်သူရှိန်ထွန်း က ပြောသည်။

ထိုဖြစ်စဉ်သည် သြဂုတ်လ ၉ ရက်က စတင်ဖြစ်ပေါ်ခဲ့ပြီး  ယခုအချိန်ထိ ယင်းစာသားများ ၀င်ရောက်နေကြောင်း သိရသည်။ ထို့အပြင် အသံဖိုင်များတွင်လည်း အခြားဘာသာစကားများဖြင့်လည်း ၀င်ရောက်လာကြောင်း ဦးအောင်သူရှိန်ထွန်းကပြောသည်။

သို့ဖြစ်၍  မိမိလုံခြုံရေး အတွက် ပျဉ်းမနားရဲစခန်းသို့ သြ ဂုတ် ၁၂ ရက်ညပိုင်းက    သွားရောက်အကြောင်းကြားရာ လိုအပ်ပါက လုံခြုံရေးစီစဉ်ပေးမည်၊ စီအိုင်ဒီကိုလည်း တင်ပြပေးမည် ဟု စခန်းမှူးက ပြောကြောင်း ဦးအောင်သူရှိန်ထွန်းက ပြောသည်။

လက်ရှိတွင် သက်ဆိုင်ရာသို့ အကြောင်းကြားရုံသာ ပြုလုပ်ထားပြီး အသက်အန္တရာယ်အတွက် စိုးရိမ်မှုရှိလာမှ အမှုဖွင့် တိုင်ကြားရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

စွပ်စွဲခံရသူ ရဲထွဋ်နှင့် နုနု မြတ်တို့ လိုက်ပါဆောင်ရွက်ပေး နေသည့် ရှေ့နေကို ယင်းကဲ့သို့ ဖြစ်စဉ်ကြုံတွေ့ခြင်း ရှိ၊ မရှိနှင့် ဆက်သွယ်မေးမြန်းရာ    ‘‘ကျွန်တော့်မှာတော့ ဒီလိုဖြစ်စဉ်မျိုး မရှိသေးပါဘူး’’ ဟု ရှေ့နေ ဦးတင်ဝင်းအောင်က ပြောသည်။

ယင်းဖြစ်စဉ်တွင် စွပ်စွဲခံရ သူများနှင့် တရားလိုသက်သေများကို ဆက်တိုက်စစ်ဆေးမှုများ ပြု လုပ်နေပြီး အမြန်ဆုံးအမိန့်ချမှတ် နိုင်ရန် ဆောင်ရွက်နေကြကြောင်း သတင်းရရှိသည်။

မန္တလေး ပဋိပက္ခကြောင့် စွပ်စွဲခံရသူ ကတုံးမ၊ ထွန်းထွန်း၊ ရဲထွဋ်နှင့် နုနုမြတ်တို့သည် နိုင်ငံ တော်   တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမှု၊ လီဆယ်တိုင်ကြားမှုတို့ဖြင့်  အမှုဖွင့်ခံထားရသူများ ဖြစ်ကြသည်။

၎င်းတို့အထဲမှ ရဲထွဋ်အား မဲဆောက်တွင် ဖမ်းမိခြင်း၊ နုနု မြတ်သည် နယ်စပ်မှ တရားမ၀င် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းတို့ကြောင့် လ.၀.က ဥပဒေ ၆(၁)(၂) တို့ဖြင့် ထပ်မံတရားစွဲဆိုခံထားရသည်။

7Days

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...