Love Doll လို့ ခေါ်တဲ့ ပုရိသတွေရဲ့ အဖော်အဖြစ် တာဝန်ထမ်းဆောင်မယ့် အရုပ် ဖန်တီးမှုဟာ ဂျပန်နိုင်ငံ က ၁၉၇၇ ခုနှစ် ကတည်းက အဆင့်ဆင့် တိုးတက်မှုတွေ ရှိလာခဲ့တာပါဘဲ။
အရုပ်တွေဟာ လူသားရဲ့ အသားအရေလို နူးညံ့တဲ့ထိတွေ့မှု အာရုံရစေဖို့ ရာဘာအကောင်းစားနဲ့ ပြုလုပ် ထားတာ ဖြစ်သ လို အသွင်သဏ္ဍန်ကလည်း စွဲမက်ဖွယ် လုပ်ဆောင်ထားပါတယ်။
စီလီကွန်နဲ့ တကယ့် လူ့အသားအရေလို ဖြစ်အောင် Love Doll တွေကို အခုနောက်ပိုင်းတီထွင်ဆန်းသစ် ခဲ့ကြပါ တယ်။ Love Doll တွေရဲ့ ကိုယ်ခန္ဓာတွေကလည်း လူသားတွေကို အလွယ်တကူ ကွေးနိုင် ဆန့်နိုင်ပြီး လိုသလို အနေအထားကို စိတ်ကြိုက်ထားလို့ ရနိုင်အောင်ဖန်တီးထားတယ်လို့ ဆိုပါတယ်။ လက်ချောင်းလေးတွေကအစ လူ့စိတ်ကြိုက် လိုသလို ပုံစံ ဖန်တီးနိုင်ပါတယ်။
အရုပ်တွေက ၁၇၇ စင်တီမီတာကျော် အရပ်ရှိပြီး ၂၅ ကီလိုဂရမ်ပဲ အလေးချိန်ရှိပါတယ်တဲ့။ ဆန်ပင်ပုံစံကို လည်း အမျိုးမျိုး ပြင်ဆင်ပေးထားတယ်။ Love Doll အရုပ်တခုကို ဂျပန် ယမ်းငွေ ၉၄ဝဝဝ တန်ဘိုး ( အမေရိကန်ဒေါ်လာ ၉၄၀ ဝန်းကျင်၊ မြန်မာကျပ်ငွေ ၉ သိန်း ဝန်းကျင် ) ရှိပြီး၊ အလွန် နူးညံ့တဲ့ ကိုယ်ခန္ဓာ အဖြစ်ဖန်တီးထားတဲ့ အရုပ်ကတော့ ယမ်းငွေ ၂ သိန်းကျော်၊ ၃ သိန်း ဝန်းကျင်ထိ တန်ဘိုးရှိပါတယ်။
စီလီကွန်နဲ့ လုပ်တဲ့ Love Doll ကတော့ ယမ်းငွေ ၅ သိန်းကနေ ၇ သိန်းထိ ဈေးနှုန်း ရှိတယ်လို့ သိရပါ တယ်။
ဒီအပြင် နည်းပညာတိုးတက်မှုမှာတော့ ပုရိသတို့ ရင်ကို ရိုက်ခတ်စေမယ့် မိန်းကလေးတယောက်ရဲ့ အသံကိုလည်း ပီပီပြင် ပြင် ထည့်သွင်းထားတဲ့နည်းစနစ်ကို သုံးပါတယ်တဲ့။ ဒါမျိုးကတော့ ဈေးနှုန်းက ပိုတယ်လို့ ဆိုပါတယ်။
ဒီလို Love Doll မျိုးတွေ ဖန်တီးထုတ်လုပ်နေတာကြောင့် ချစ်သူမိန်းကလေးဆိုတာ တကယ်ပဲ လိုအပ် ပါတော့မလားဆိုတဲ့ မေးခွန်းက ကျယ်လောင်လာတယ်လို့ ဆိုပါတယ်။ ဧရာဝတီ ပရိသတ်တွေရဲ့ အမြင် ကရော ဘယ်လို ရှိပါသလဲ။
Love Doll တွေခေတ်စားလာတာကြောင့် မိန်းကလေး ချစ်သူ ရည်းစားဆိုတာ လိုအပ်ပါသလား၊ ဒါမှမဟုတ် လူသား ပီပီ တကယ့် ချစ်သူမိန်းကလေးကိုပဲ ရှာလေမလားဆိုတာယဉ်ယဉ်ကျေးကျေး ဆွေးနွေး
နိုင်ပါတယ်။
အိမ့်သံစဉ်
0 comments:
Post a Comment