Sunday, August 31, 2014

သင့်ကို အရမ်းချစ်တဲ့ မိန်းကလေး တစ်ယောက်ဆီမှာ

သင့်ရဲ့ ဂရုစိုက်မှုတွေကိုအရာအားလုံးထက်
ပိုလိုအပ်လို့ သင့်အပေါ် ကလေးတစ်ယောက်လိုဆိုးနွဲ့တတ်တဲ့
အပြုအမူလေးတွေ ရှိနေလိမ့်မယ်

သင့်ကို အရမ်းချစ်တဲ့စိတ်တွေကြောင့်
သင်နဲ့ပါတ်သက်တဲ့တစ်ခြားသူတွေအပေါ် စိတ်မချသလို
သဝန်တိုတတ်တဲ့အပြုအမူတွေရှိနေလိမ့်မယ်

သင့်ဆီက တစ်ခြားသူတွေထက်ပိုတဲ့
အလေးအနက်ထားပေးခြင်းကိုမျှော်လင့်နေတတ်လို့
စိတ်ဆိုး စိတ်ကောက်တာတွေရှိနေလိမ့်မယ်

သင့်ဆီက သူ့အတွက်ဆိုတဲ့အတွေးတွေကို
ပိုင်ဆိုင်ခွင့်ရချင်လို့ တစ်ခါတရံ သင့်အပေါ် နားလည်မှု
မပေးပဲ နေတတ်တဲ့အခါတွေရှိနေလိမ့်မယ်

သင့်ကိုတစ်ဘဝလုံးစာအတွက်လက်တွဲသွားချင်လို့
သင့်ဆီက သစ္စာရှိတဲ့ချစိခြင်းတွေဖြစ်ဖို့ အမြဲတမ်း
သူ့ကို ထားခဲ့မှာလားဆိုတဲ့စကားတစ်ခွန်း အကြိမ်ကြိမ်
မေးနေမိတဲ့အခါတွေရှိနေလိမ့်မယ်

အဲ့ဒါကြောင့် …သင့်ချစ်သူမိန်းကလေးမှာ
အဲ့လိုအပြုအမူလေးတွေရှိနေတဲ့အခါ စိတ်မညစ်ပါနဲ့
စိတ်ပျက်မသွားပါနဲ့ ..အဲ့ဒီ့အပြုအမူတွေက သူ့ရဲ့
အတ္တတွေဆိုရင်တောင် သင့်ကို အရမ်းချစ်လို့
ခံစားရတယ်ဆိုတာကိုတော့ မမေ့လိုက်ပါနဲ့နော်

Khin Myo Aye

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...